အပိုင်း ၁၃

338 23 4
                                        

(၁၃)

"ကိုလေး"

လာမခေါ်နဲ့။မင်းနဲ့ငါ ရန်ဖြစ်ထားတယ်။

"ဦးဟေဝန်နန်း"

"ဘာလဲ၊ ဘာကိစ္စလဲ ၊ ဘာလို့ ခေါ်နေတာလဲ၊မင်းခေါ်တာ ဒါနဲ့ဆို ၁၂ ခါရှိပြီ"

လုပ်ပြီ။စိတ်မဆိုးတတ်ပဲနဲ့ ဆိုးချင်ယောင်ဆောင်ပြန်ပြီ။စေတနာနဲ့ သွားကြိုမိပါတယ် တညလုံးနဲ့ တမနက်လုံးစိတ်ဆိုးကိုမပြေဘူး။

"ပြေတော့ ကိုလေးရာ၊ကျွန်တော်မသိလို့လိုက်ကြိုမိတယ်လို့ ပြောပြီးပြီလေဗျာ ၊ မှောင်နေလို့ လမ်းလျှောက်နေရမှာဆိုးလို့ စေတနာနဲ့ပါလို့ စေတနာနဲ့လို့"

အေး.. အဲ့စေတနာကပဲ ငါ့ကို ဖျက်စီးတာ။နှစ်ယောက်ထဲ အချိန်ကုန်မယ်တွေးထားကာမှ ဒင်းက...!!!!

"ကိုလေးရယ်.. သူများအိမ်က ဘာကောင်းလို့လဲ ကိုယ့်မှာလဲ အိမ်ရှိတာပဲကို"

တဖက်လှည့်နေသည့် ကိုလေးကို မသိမသာလေး အကဲစမ်းမိသည်။သူဘာပြောမလဲပေါ့။သို့သော်...တခွန်းဆို တခွန်းမှတုံ့ပြန်မလာ။

"ကိုလေးက သူ့ကို ကြိုက်နေတာမလား"

ကောက်ကာငင်ကာ မေးလိုက်သော စကားကြောင့် ဟေဝန် မျက်တောင်တဖျတ်ဖျတ် ခတ်မိသည်အထိ အံ့သြမိသည်။ရှက်မိတာဆို ပိုမှန်မည်။မဖုံးနိုင်မဖိနိုင်နဲ့ လူရိပ်မိစရာ ဖြစ်ခဲ့တာပေါ့။

တဆက်ထဲ "ကျွန်တော်ရိပ်မိပါတယ်"ဆိုသောကြောင့်လည်း မျက်နှာပူမိပြန်သည်။သူသိရင် နွေဆူးလည်း အနှေးနှင့်အမြန်။ဒီမောင်နှမကို လျို့ဝှက်ထားလို့ရတဲ့အရာ မရှိပါလား။

"မင်း သဘောထားကို ပြောပြဦးကွာ၊ငါဘာဆက်လုပ်သင့်လဲ"

ကိုလေးက စိတ်လှုပ်ရှားနေဟန် နှုတ်ခမ်းကို လျှာနှင့်သပ်နေသည်။ဘွားကြီးကြားမှာဆိုး၍လည်း မီးဖိုခန်းဖက် ကဲကြည့်နေပြန်သေးသည်။

"ကျွန်တော်တို့ သဘောထား ဘာလိုလို့လဲ ၊အဓိက ကိုလေးနဲ့ စမ်းရေပဲအရေးကြီးတာ"

"ဟုတ်တော့ ဟုတ်ပါတယ် ၊ဒါပေမဲ့ ငါ့မှာမိသားစုဝင်ဆိုလို့ မင်းတို့ပဲရှိတာလေ ပြီးတော့အကြီးလည်း အကြီးဆုံး"

"စမ်းနွေရဂုံ"[ Completed ]Nơi câu chuyện tồn tại. Hãy khám phá bây giờ