အပိုင်း ၂၀

174 15 6
                                    

(၂၀)

ခိုးခိုးခစ်ခစ် ရယ်မောသံလေးများ လွင့်ပျံလာသည့်ခဏ လှမ်းနေတဲ့ ခြေလှမ်းများရပ်တန့်လိုက်သည်။

ဟေဝန် တံခါးတွန်းဖွင့်ကာ ကဲကြည့်မိသည်။

"ဪ"

ရေသည်ပြဇာတ်မှာပါတဲ့ အကြောင်းအရာအချို့အား ဆရာမရှင်းပြသည်ကို ဟာသမြင်ကာ ရယ်မောနေကြခြင်း။

"အစ်ကို.!"

စမ်းရေ အလွတ်ရနေသည့် ကိုယ်သင်းရနံ့လေးကို နှလုံးသားထဲထိ ရှူသွင်းရင်းခပ်တိုးတိုးလေး ခေါ်လိုက်သည်။နောက်ပြန်အလှည့် အကြည့်ချင်းဆုံသွားသည့်အခိုက် အစ်ကိုက မျက်စိတဖက်မှိတ်ပြလာသည်။စမ်းရေ ပြန်ပြုံးပြလိုက်တော့ မေးဆတ်ပြသည်။"ရှေ့ကိုကြည့်" ဆိုတဲ့ အဓိပ္ပါယ်။မကျေနပ်သလို နှာခေါင်းရှုံ့ရင်း ရှေ့ကြည့်ရသည်။

အာပေါင် အာရင်းသန်သန်နဲ့ ရှင်းပြနေတဲ့ ဆရာမက စမ်းရေကိုသတိမပြုမိ။ဟိုနှစ်ယောက်ကလည်း ကိုယ့်ကို မရိပ်မိ။ ဒါကိုများ နည်းနည်းလေး တောင်မသိတတ်ဘူး။

ဟွန့်..!

ချစ်ရတဲ့ ကလေး စိတ်ကောက်သွားမှန်း ရိပ်မိသော်လည်း လေးစားရမည့် အခြေနေမို့ စာသင်ချိန်ပြီးအောင် သည်းခံစောင့်နေလိုက်သည်။

အချိန်များသည် တရွေ့ရွေ့။အလုပ်လုပ်ရင်းဆိုတော့ တစ်နာရီခွဲသည်သိပ်မကြာလိုက် ဆရာမသည် စာအုပ်လေးပိုက်ကာ ထွက်လာသည်။

"အခြေနေကောင်းလားဗျ ကလေးတွေ ဆိုးတော့ သည်းခံပေးပါဦး"

"ရပါတယ်ရှင် အကုန်လုံးက တက်တက်ကြွကြွပဲ နွေဆူးလေးက ဉာဏ်သိပ်ထက်တယ် ဒက်ခနဲ ဒက်ခနဲပြောနိုင်တယ်၊ယောကျ်ားလေးနှစ်ယောက်ကတော့ စေ့စေ့လေးနဲ့ တော်တယ်ပြောရမယ်"

ခေါင်းတငြိမ့်ငြိမ့်နဲ့ တလောကလုံးကို မေ့ထားနိုင်သူ။စမ်းရေ အပေါက်ဝမှာရပ်နေသည်ကို နည်းနည်းမှသတိမထားမိသူ။စိတ်ထဲမှာ သံသယထက် မနာလိုဝန်တိုခြင်းက သိသာနေသည်။ကိုယ်မဟုတ်ပဲ တပါးသောသူနှင့်ရယ်ပြုံးနှုတ်ဆက်နေသည်ကို မရှူစိမ့်နိုင်တာ။

စမ်းရေ ခုတလော မစ္ဆရိယစိတ်တွေအတော် ပြင်းထန်နေသည်။နဂိုခပ်အေးအေးနေတတ်တဲ့ ကိုယ့်ကိုကိုယ်ပင်အံ့သြမိသည်။အထူးသဖြင့် အစ်ကိုနဲ့စကားပြောမိတဲ့ မည်သူတိုင်းမဆို စိတ်ထဲမှာ ပြစ်မှားမိနေတာ။

"စမ်းနွေရဂုံ"[ Completed ]Where stories live. Discover now