အပိုင်း ၁၄

328 19 2
                                        

(၁၄)

နွေလေရူးက ကသုတ်ကယက်။လွင့်ပါးနေတဲ့ ရွက်ကြွေတွေကို ငေးရင်း သက်ပြင်းဖွဖွချမိသည်။တရားရိပ်က အေးချမ်းတယ် ဆိုသော်ငြား တခါတရံတော့ အတွေးများဖွယ် ဖြစ်ရပါသည်။တိတ်ဆိတ်လွန်းတော့လည်းလေ...။

"ဆရာလေး"

တင့်တယ်လှသော သီလရှင်မကြီး ဒေါ်သုနန္ဒာ။အေးချမ်းလှသော အသွင်က ယခင်နှစ်များထက် ပိုရင့်လွယ်နေ၏။

"မနေ့က မလာဖြစ်လို့ပါ"

"ရပါတယ်..."

နွေဆူးလေး၏ ကျွေးမိခင် တဖြစ်လဲ ထို အမျိုးသမီးကြီးသည် ထူးဆန်းလှ၏။ဓာတ်ပုံတစ်ပုံနှင့်အတူ ငိုပြနေပုံက နှစ်ကာလများစွာ ပျောက်နေသည့် သွေးသားကို ပြန်တွေ့ခွင့်ရသည့် မိခင်တစ်ဦး ပမာပုံနှယ်။

"ဆရာလေးရယ်.. သေချာကြည့်ပါဦး"

ပန်းတပွေ့တပိုက်နဲ့ ချစ်စဖွယ်ကလေးငယ်။အပြုံးယဲ့ယဲ့လေးက တဖက်သားကို ဒွိဟစိတ်များ ပေးနိုင်စွမ်း၏။တဆက်ထဲမှာပဲ ယုယထွေးပွေ့ချင်များကလည်း တဖွားဖွား ဖြစ်ပေါ်စေပြန်၏။

"သူ ဘယ်သူလဲ..??"

"စမ်းရေသွင် တဲ့ ၊ နွေဆူးလေးရဲ့ သူငယ်ချင်း"

"ဪ.."

တွေးဆဆ ဖြစ်သွားပြီးမှ တခုခုကို အမှတ်ရသွားသည့်နှယ် ပြုံးရယ်လာလေ၏။

"ဆရာလေးလဲ အဲ့လိုပဲထင်တာလား"

"တကယ်ဆိုရင် ဘယ်လောက်ကောင်းမလဲနော်...နောက်ရက် ပန်းကပ်ဖို့လာရင်ခေါ်ခဲ့ပေးပါလား ဆရာလေးတွေ့ချင်လို့"

"ရတယ် ရတယ်"

ပဟေဠိ ပုစ္ဆာများသည် တခါတရံ ခက်ခဲလွန်းသော်လည်း "စေ့စေ့တွေး ရေးရေးပေါ် " ဆိုသလို အချိန်ယူတွေးရင် တွက်ရ လွယ်သွားတတ်ပါသည်။ယခုလည်း ထိုကဲ့သို့။ဒီကောင်လေးကတကယ်ပဲ.....။

-------

ဝီရိယကောင်းလှသော နွေဆူးတစ်ယောက် အစ်ကိုဖြစ်သူ၏ ရုံးခန်းကိုမနက်၇နာရီထဲက ရောက်နှင့်နေသည်။ခေါ်လာတဲ့ အလုပ်သမားအချို့နဲ့ ရုံးခန်းအတွင်း ပရိဘောဂများကို သူပိုင်ပစ္စည်းများနှယ် ရွှေ့ပြောင်းနေလေ၏။

"စမ်းနွေရဂုံ"[ Completed ]Место, где живут истории. Откройте их для себя