အပိုင်း (၁)

6.2K 190 6
                                    

uni/

"သမီးလေး‌ရှောင်ကျူး စာမေးပွဲကဖြေတော့မှာနော် စာတွေရနေပြီလား...
သား၊ ရှောင်ကျန့်ရော စာတွေ ပိုင်ပြီ‌နေလား "

"ဟုတ်ကဲ့ အကုန်ရပြီ "

နှစ်ယောက်လုံးရဲ့ပြိုင်တူဖြေသံကြောင့် ရှောင်လိယွမ်ပြုံးမိပါတယ်။ တကယ်ချစ်ဖို့ကောင်းတဲ့ကလေးတွေပါလေ။

ရှောင်လိယွမ် ဆိုတာ ရှောင်ကျန့် နဲ့ ရှောင်ကျူး တို့အမွှာနှစ်ယောက်၏ အဒေါ်အရင်းအချာပင်။ ရှောင်အမွှာနှစ်ယောက်ဟာ မွေးရပ်မြေမှာ ဖခင်၏အမ၊ အဒေါ်ဖြစ်သူနဲ့နေခဲ့ပြီး မိဘနှစ်ပါးစလုံးကတော့ စပိန်တွင်အခြေကျနေထိုင်နေပြီဖြစ်သည်။

"အထက်တန်းပထမနှစ်ကို စာရနေမှ နောက်နှစ်တွေမှာ စာတွေကို မခက်မှာနော် ယွမ်ပြောတာနားလည်လား"

"ဟုတ်ကဲ့ပါ သိပါတယ် မနက်ဖြန်ပဲ စာ‌မေးပွဲဖြေမှာကို စာမရရင်ဘယ်လိုဖြေမလဲ ယွမ်ရဲ့ သမီးတို့ကိုစိတ်ပူမနေနဲ့ သိလား"

"ဟုတ်တယ်ယွမ်ရဲ့ စာတွေရနေပါပြီ ပိုက်ဆံပဲမရသေးတာ ဟီး"

"အမလေး ကျန့်ကျန့်တို့ကတော့ ပေးမှာပါ..."

လိယွမ်ပေးတဲ့မုန့်ဖိုးလေးကို သွားလေးဖြီးပြီး လက်ဖဝါးလေးဖြန့်ကာယူနေတဲ့ကျန့်ကျန့်ကို အမဖြစ်သူကျူးကျူးက မျက်ဆောင်းလေးဖြင့်ကြည့်ပြီး

"ကျန့်ကျန့် ပိုက်ဆံပဲတောင်းနေတာ အရင်က မုန့်ဖိုးတွေက ကုန်ပြီလား"

"အံမယ် နင်ကငါ့သာပြောနေတာ နင့်မှာရောရှိသေးလို့လား "

"ရှိတယ် စုထားတာလေ... ဗိုက်ထဲမှာ၊ နောက်နှစ်ဆို တိုက်ဆောက်လို့ရလောက်ပါပြီ ဟဲဟဲ ဟုတယ်မလားယွမ်"

ကျူးကျူးက သူ့ဗိုက်လေးသူပုတ်ပြရင်း ရယ်ကျဲကျဲဖြင့်ပြောနေလေသည်။

"ကဲပါ စကားများမနေနဲ့တော့ နှစ်ယောက်လုံး ကလေးတွေလဲမဟုတ်ပဲနဲ့ မုန့်ကိုမြန်မြန်စားကြ ကျောင်းနောက်ကျနေမှ ဆရာကြီးဆူနေအုံးမယ် "

"ဟုတ်ကဲ့ပါယွမ်ရဲ့ ကျန့်ကျန့်တို့စားပြီးတော့မှာပါ"

အိမ်မှာမနက်စာစားနေကြတဲ့ တူရီးသုံးယောက်က တကယ်ကို ပျော်ဖို့ကောင်းလွန်းသည့် မနက်ခင်းအဖြစ် အသွင်ယူနေကြလေသည်။ အပြုံး​လေးတွေလဲ တောက်ပနေကြသည်ဖြစ်ရာ ရှောင်ကျန့် ၊ ရှောင်ကျူး နှင့် အုပ်ထိန်းသူအ‌ဒေါ် ရှောင်လိယွမ်တို့ရဲ့ မနက်ခင်းတိုင်းဟာ ထိုကဲ့သို့အစပြုလေ့ရှိကြပါသည်။

Unsolvable‌ -ဖြေရှင်း၍မရသော / ​ဖြေရှင်း၍မရသော『Complete』Where stories live. Discover now