အပိုင်း (၁၉)

948 59 7
                                    

uni/

အထက်တန်းနောက်ဆုံးနှစ်မှာတော့ အရင်ကထိုင်းမှိုင်းစွာရှိနေတက်သည့် ရှောင်ကျန့်၏အမူအရာလေများကပြောင်းလဲလာခဲ့လေသည်။

မနှစ်ကမကြားရတာကြာပြီဖြစ်တဲ့ အသံစွာစွာလေးက မနက်ခင်းကန်တင်းမှာတည်းက စစ်ကျွေးကိုအသဲအသန်ရန်တွေ့နေလေသည်။

"စစ်ကျွေး မင်းဆိုတဲ့ကောင်ကလေ..."

"ငါဆိုတဲ့ကောင်ကဘာဖြစ်လို့လဲ"

စစ်ကျွေးဘာမှမပြောရပါပဲ မနက်စာကိုကာတွန်းစာအုပ်ဖတ်ရင်းစာနေရာမှ ဗလိုင်းကြီးလာကောနေသည့် ရှောင်ကျန့်အား မျက်လုံးလေးလှန်ကြည့်ကာမေးလိုက်တော့

"မင်းကဘာလို့ ပထမလပတ်မှာ အဲ့လောက်တောင်အမှတ်ကများနေရတာလဲ ငါ့ကျ နည်းနည်းလေ"

ဘုရားရေ~~

စစ်ကျွေး မျက်နှာသေဖြင့် ရှောင်ကျန့်အားစိုက်ကြည့်လိုက်ပြီး

"မင်းဘိုတော်အေ မင်မေလင်ဖြစ်လို့တဲ့...တစ်ဘာသာလေးတစ်မှတ်ထဲပိုများသွားတာကို ဘယ်လိုဖြစ်လို့ အချိန်ရှိရှိသမျှ ပြောနေနိုင်ရတာလဲ"

"ဟမ့် မသိဘူး နင်တို့နှစ်ယောက်လုံးကိုငါကြည့်လိုကိုမရဘူး"

ဘာမှမဆိုင်ပါပဲ တစ်ယောက်ထဲအအေးသောက်နေသည့်ရှောင်ကျူး သူပါအပြောခံလိုက်ရတာကြောင့်

"ဟင်!! ငါတို့က ဘာဖြစ်နေလို့လဲဟဲ့"

"ကျန့်ကျန့် မင်းဘာဖြစ်နေတာလဲ"

"ငါဘာဖြစ်လို့လဲ ဘာမှမဖြစ်ပါဘူးကွ"

ရှောင်ကျန့်ပြောပြီး နှစ်ယောက်လုံးကိုအပစ်ကင်းစွာပြုံးပြလိုက်သည်။ ထိုအပြုံးတစ်ခုရဲ့နောက်ကွယ်မှာ ပြိုလဲခြင်းတွေပါနေတယ်။ အလဲလဲအကွဲကွဲပါပဲ ပြန်ပြီး အဖက်ဆယ်လို့တောင်မရတော့ဘူး။

ရှောင်ကျူးနဲ့ စစ်ကျွေး တစ်ယောက်မျက်နှာတစ်ယောက်လှမ်းကြည့်လိုက်သည်။ သူတို့သိတာပေါ့ ကျန့်ကျန့်တမင်တကာအဆင်ပြေအောင်နေနေတာ သူတကယ်အဆင်မပြေဘူးဆိုတာကိုလဲ လူအရင်းကြီးတွေဖြစ်တဲ့ စစ်ကျွေးနဲ့ ရှောင်ကျူးကမသိပဲနေပါ့မလား။

Unsolvable‌ -ဖြေရှင်း၍မရသော / ​ဖြေရှင်း၍မရသော『Complete』Where stories live. Discover now