Hello ,Hello
နောက်ဆုံးတော့လဲ ကိုယ့်ရဲ့ "ဖြေရှင်း၍ မရသော" ဆိုတဲ့ fic လေး Complete ဖြစ်သွားခဲ့ပါဗျ။ ဒါကြောင့်လဲ နှုတ်ဆက်ရမယ်အချိန်ကိုရောက်ရှိလာပါပြီ။
Ongoing လိုက်ပြီးဖတ်ရှုသူနည်းတယ်ဆိုပေမယ့်လဲ အထိုက်အလျောက် တစ်ပိုင်းတင်တိုင်း တစ်ပိုင်းလိုက်ဖတ်ပေးသူလေးတွေရှိနေတာမို့ အဆုံးထိလိုက်ပါလာပေးတဲ့ ရှင်လေးတို့ကို ကုယ်က ဒီficလေးနဲ့အတူနှုတ်ဆက်လိုက်ပါတယ်လို့အရင်ဆုံးပြောပါရစေဗျ။
အားလုံးကိုပါ ဒီficလေးနှင့်အတူလွမ်းနေရတော့မယ်ဗျာ။
တစ်ပိုင်းတင်လိုက်တိုင်း လာဖတ်ပေးမယ့်သူရှိပါ့မလို့ စိုးရိမ်မိပေမယ့် ထင်ထားတာထက် ဖတ်ပေးသူများတော့ သိပ်ပျော်မိတာသိလား။ voteလေးတွေ ၊ တစ်ခုနှစ်ခုသာ ရတဲ့ Comment လေးတွေက ကိုယ့် ကိုတကယ် ဆက်ရေးဖို့အားအင်လေးတွေဖြစ်စေခဲ့ပါတယ်ဗျာ။ ဒါကြောင့်လဲ ကိုယ်က အားလုံးကို စိတ်ရင်းနဲ့တကယ့်ကို ကျေးဇူးတင်ပါတယ်လို့ပြောပါရစေဗျ။ ယခုအဆုံးထိ လိုက်ပါပြီးဖတ်ပေးကြသူလေးတွေကို အထူးကျေးဇူးတင်ပြီး နောက်မှလာဖတ်မယ့်သူလေးတွေရောတော့ အခုကတဲက ကြိုတင်ပြီး ကျေးဇူးတင်စကား ပါးထားပါရစေဗျာ။ ပြောချင်တာကတော့ အားလုံးကို ဒီစားလေးနဲ့ ကျေးဇူး ကုဋေကုဋာ ထပ်ကမ တင်လိုက်ပါတယ်။ အရာရာတိုင်းအတွက်လဲ ကျေးဇူးပါလို့။
စရေးပါကတဲက Short Story အဖြစ်စရေးခဲ့တာမို့ ဇာတ်လမ်းလေးက မြန်မြန်ပဲအဆုံးသတ်သွားခဲ့တာပါ။ ဝမ်ပေါ်ပေါ် နဲ့ ကျန့်ကောကော ကို ချစ်လို့လဲ ဒီဇာတ်လမ်းလေးကို ဖန်တီးမိခဲ့တာမို့ ပေါ့ပေါ့ပါးပါးဆိုပေမယ့် တလေးတနက်ကြီး ရေးသားခဲ့ရခြင်းပါ။ သို့ပေမယ့်လဲ ကျွန်မလေး အရေးအသားညံ့ဖျင်းနေတာကိုတော့ဗွေမယူကြပါနဲ့ ခွေးလွှတ်ပေးကြပါလို့ ha ha ... စတာတကယ်လဲခွေးတွေ မလွှတ်ကြပါနဲ့လို့။
အရေးအသားသိပ်ညံ့တဲ့ ကိုယ် ကနောက်ထပ်သော တစ်ပုဒ်နဲ့ပြန်ပေါ်လာခဲ့ရင်လဲ ဒီလူသားလေးတွေက ကိုယ်နဲ့အတူထပ်ရှိပေးဖို့ တစ်ပါးတဲတောင်းဆိုပါရစေဗျာ။ ရှိပေးကြမယ်မဟုတ်လားဟင်။
ကဲဗျာ စာလေးလဲရှည်သွားပြီဆိုတော့ အားလုံးကို တာ့တာပါလို့။ နောက်ထပ်လဲတွေ့ချင်ပါသေးတယ်နော်။ သာယာတဲ့နေ့လေးတစ်နေ့ကို ပိုင်ကြပါစေ By By....♡︎
* * *
Hello ,Hello
* * *
![](https://img.wattpad.com/cover/336620938-288-k177350.jpg)
YOU ARE READING
Unsolvable -ဖြေရှင်း၍မရသော / ဖြေရှင်း၍မရသော『Complete』