uni/
"ကျန့်ကျန့် မြန်မြန်ပြေးဟ နောက်ကျနေပြီ"
"ပြေးနေတာပဲမမြင်ဘူးလား အဲ့တာနင့်ကြောင့်လေကျူးကျူးမ စားနေတာမပြီးနိုင်ဘူး ဝက်မ"
"ကျန့်ကျန့်နင်နော် ငါ့ကို ဝက်လို့မပြောနဲ့ နင်လဲဝတာပဲ အတူတူပဲကိုလာပြောနေတယ်"
"ငါက နင့်ထက်နည်းနည်းပါးပါးပိန်ပါသေးတယ်နော်"
ရှောင်အမွှာနှစ်ယောက်ဟာ တစ်စောင်းစည်းနဲမျက်ချေး ပါပင်။ အချိန်ရှိတိုင်းစကားနိုင်လုကာရန်သတ်ကြစမြဲပင်။ ယခုလဲ ကျောင်းနောက်ကျသွားတာကြောင့် တစ်ယောက်နှင့်တစ်ယောက်မျက်ဆောင်းခဲရင်း ရန်သတ်ရင်း အတန်းထဲသို့အပြေားအလွှားသွားနေကြသည်။ သူတို့နှစ်ယောက်လဲ အတန်းရှေ့သို့အရောက်
"နားလည်ကြလားကလေးတို့"
အတန်းပိုင်ဆရာကြီးမှာပင် စာပင်သင်၍ပင်ပြီးစီးတော့မည်။
ကျောင်းခြံတံခါးပေါက်ထိ ယွမ်းကလိုက်ပို့ပြီးတာနဲ့ အခန်းထဲကို လေအလျင်နဲ့ပြေးလာခဲ့တာ မောလိုက်တာဆိုတာ အသက်ရှုနေရင်း အမောစို့ကာအသက်ထွက်ရမည်တောင် ကြောက်နေရသည်။ ဒါပေမဲ့ အမောမဖြေနိုင်သေးဘူး
"ဆရာကြီး ဝင်ခွင့်ပြုပါဗျ/ ရှင့်"
သူတို့ဝင်ခွင့်တောင်းလိုက်တော့ အခန်းထဲတွင်စာသင်နေသူဆရာကြီးက စာသင်နေရင်းမှရပ်လိုက်တာကြောင့် တစ်ခန်းလုံးတိတ်ဆိတ်သွားပြီး အခန်းတွင်းရှိလူများအားလုံးကလဲသူတို့နှစ်ယောက်စီသို့ ဝိုင်းကြည့်လာကြလေသည်။ ဆရာကြီးကလဲ လက်ထဲရှိအပြာရောင်မှင်တံကိုချလိုက်ပြီး သူတို့နှစ်ယောက်ကို လက်ယက်ခေါ်ကာ
"နင်တို့နှစ်ကောင်…
လာစမ်း လာစမ်း ဒီနားကိုလာစမ်း"လူတွေမြင်ရဲ့သားရဲ့နဲ့ အကောင်လို့ပြောပြီး လာခိုင်းနေတဲ့ဆရာကြီးကြောင့် အမွှာနှစ်ယောက်လုံးတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး မဲ့ရွဲ့လိုက်ကြတယ်။ ဆရာကြီးမမြင်အောင်ပါ မြင်သွားရင် ပိုနာမှာ ကြောက်တယ်လေ။
"ဟင် လာစမ်း"
လာစမ်းဆိုပြီး နားရွက်တစ်ယောက်တစ်ဖက်ဆီဆွဲလိုက်တဲ့ဆရာကြီးကြောင့် ကျန့်ကျန့်မျက်လုံးတွေတောင် မှိတ်မိသွားတယ်။ အဲတစ်လုံးတော့ကျန်သေးတာပေါ့။ ကျူးကျူးကိုကြည့်တော့လဲ လျှာကြီးကတစောင်းကြီးထွက်ပြီး မျက်လုံးကပြူးနေသေးတယ် ရုပ်ဆိုးလိုက်တာဆိုတာ မျောက်အိုမကြီးရှောက်ချဉ်စားထားတဲ့ရုပ်နဲ့။ ဆရာကြီးကတော့ စကားပြောပင်မပြတ် ဓာတ်ပြားဟောင်းကြီး ပြန်ဖွင့်နေပြီဖြစ်သည်။
YOU ARE READING
Unsolvable -ဖြေရှင်း၍မရသော / ဖြေရှင်း၍မရသော『Complete』