အပိုင်း (၂၀)ဇာတ်သိမ်းပိုင်း

2.2K 80 9
                                    

uni/

ရှစ်နှစ်အကြာပြန်လည်ခြေချခွင့်မရခဲ့တဲ့မွေးရပ်ပြေကို ယခုပြန်ရောက်လာသည့်ခံစားချက်က အရင်အတိုင်းပင်။ ဘာမှပြောင်လဲမှုမရှိပဲ ပျော်ရွှင်ရသည်။ ချစ်ရသူရှိနေသည်ဆိုသည့်အသိနှင့်ပင် အတိုင်းအထင်အလွန်။

ယခုဆို ချစ်ရသူလဲ ဘွဲ့တွေရလောက်ပြီ နောက်ပြီး အင်း သူ့ကိုလဲမမေ့လောက်သေးဘူးမလား။ ဘာမှမပြောပါပဲထွက်သွားတဲ့ သူ့ကိုစောင့်နေဦးမယ်ဆိုတာ ချစ်ရသူရဲ့စိတ်ကို လေ့လာဖူးသလောက်သိနေသည်။ သူပေးထားတဲ့စာအုပ်လေးကိုဖတ်ထားရင်ဖြင့် သူ့ကိိုထိုနေရာမှာ ချစ်သူကသေချာပေါက်စောင့်နေမှာပင်။

"boss ကားအဆင်သင့်ဖြစ်ပါပြီ"

Budyguard ယူလာသည့်ကားထဲကိုဝင်ထိုင်လိုက်ပြီး တစ်စုံတစ်ယောက်စောင့်ဆိုင်းနေမည့် ထိုနေရာအားမောင်းခိုင်းလိုက်သည်။ တသိမ့်သိမ့်ခုန်မြန်လာသည့် ရင်ခုန်နှုန်းတွေကို ခံစားမိနေရပြီး အပြုံးနုနုဟာလဲ နှုတ်ခမ်းထပ်မှာကော့ညွတ်နေမှာသေချာသည်။

ထိုနေရာလေးနှင့်နီးလာသည့်အလျှောက် သွေးခုန်နှုန်းတို့လဲတိုးရသလို နေမထိထိုင်မသာလဲဖြစ်လာရသည်။ ချစ်ရသူနှင့်ပြန်တွေ့ရတော့မည်ဟု တွေးမိတိုင်း ပျော်ရွှင်မှုတွေက မျက်ဝန်းအိမ်ထဲမျက်ရည်တို့ကိုပါဖြစ်တည်စေသည်။

"ရောက်ပါပြီ boss"

ကားပေါ်ဆင်းပြီး ကော်ဖီဆိုင်လေးထဲကိုတလှမ်းချင်းလျှောက်ဝင်သွားလိုက်သည်။ ဆိုင်တံခါးလေးကိုဖွင့်လိုက်တော့ အရင်လိုခေါင်းလောင်းသံလေးကထွက်လာခဲ့သည်။ ပြန်ရောက်ရောက်ချင်း အိမ်ကိုတာင်မပြန်နိုင်ပဲ ဒီလူသားစီအရင်လာတွေ့ရတာက မနေနိုင်တော့၍သာ။ ဤမျှလောက်နှစ်အကြာကြီးဝေးပြီးရင် တော်ရောပေါ့လေ ထပ်မဝေးချင်တော့။ အခြေအနေတစ်ခုထိရောက်အောင် သူကြိုးစားရုန်းကန်ခဲ့တာက ဒီအချိန်လေးကြောင့်သာ။ ချစ်ရသူကိုပြန်တွေ့ရမည့်အချိန်လေး။

အမေပို့လွှတ်လိုက်သည့်အမေရိကမှာ သည်ခံပြီးနေသော်လည်း အတိုင်းအတာတစ်ခုထိကျော်လွန်လာသည့်မိခင်က အထက်တန်းအောင်တော့ သူ့ကိုမိန်းမပေးစားဖို့အတင်းအကျပ်စီစဉ်ခြင်းပင်။ လုံးဝမှလက်မခံနိုင်တာကြောင့် အတင်းအကန်ငြင်းဆိုသော်လည်း အခန်းထဲထည့်ပိတ်ကာ မင်္ဂလာပွဲကိုစီစဉ်တော့သည်။

Unsolvable‌ -ဖြေရှင်း၍မရသော / ​ဖြေရှင်း၍မရသော『Complete』Where stories live. Discover now