အပိုင်း (၁၀)

1.2K 73 1
                                    

uni/

ကားထဲတွင်နှစ်နှစ်ခြိုက်ခြိုက်အိပ် ပျော်နေတုန်း ကားမှန်တံခါးကို တစ်ဒေါက် ဒေါက် လာခေါက်နေတာမို့ ရန်ရှင်းစိတ်ရှုတ်စွာ ကားမှန်ကိုချလိုက်သည်။

"ကျစ်"

ကြည်လိုက်တော့ အဖွားကြီးတစ်ယောက်။

"အဖွားက ဒီအိမ်ကလား"

"အေး ဟုတ်တယ် ကလေးမကဘယ်သူလဲ ဘာပြုလို့ ခြံရှေ့မှာကားကိုပိတ်ရပ်ထားရတာလဲ"

အပြောခံလိုက်ရသူရန်ရှင်း စိတ်ထဲတော့နည်းနည်းတင်းသွားသည်။ အဖွာ၏ပုံစံအားကြည့်လိုက်တော့ အဝတ်အစားများက အနည်းငယ် နွမ်းဖက်ဖက်ဖြစ်နေသည်။

ဒီအဖွားကြီးကအိမ်အကူနေမှာ အိမ်အကူကအိမ်အကူလိုမနေဘူး စကားပြောတာ မာရေကြောရေနဲ့။ ရန်ရှင်းစိတ်ထဲတွေးပြီး...

"ဒီအိမ်က ရှောင်ကျန့်ရဲ့အိမ်ဟုတ်တယ်မို့လား သူ့ကိုတွေ့ချင်လို့ ခေါ်ပေးစမ်းပါ"

"....."

ထိုအဖွားဟာ ဘာမှမပြောပါပဲ စိုက်ကြည့်နေတာကြောင့်

"အော် ဒီအဖွားကြီး မကြားတာလား ရှောင်ကျန့်ကို တွေ့ချင်တယ် သွားခေါ်ပေးလို့"

"ညည်းက ဘယ်သူတုန်းကလေးမရဲ့"

ရန်ရှင်းကားထဲကနေထွက်လာကာ ကားတံခါးအားစောင့်ပိတ်လိုက်ပြီး လက်ပိုက်ကာခပ်ကြော့ကြော့လေးရပ်လိုက်ပြီး အဖွာကို စိတ်ပျက်သလိုစိုက်ကြည့်လိုက်သည်။

မနက်အစောကြီး စပျစ်စိုက်ခင်းထဲအလည်သွားကြတဲ့ မိလီ နှင့် စုရီတို့ အိမ်ကိုပြန်လာရင်း လမ်းမှာ အဖွားနှင့် ကောင်မလေးတစ်ယောက် စကားပြောနေကြသည်ကိုတွေ့တော့ ရုတ်တရက်ကြီး ရန်ရှင်းအားမမှတ်တာကြောင့် ရပ်ကြည့်ကာ လမ်းအားဖြေးဖြေးနှေးနှေးလျှောက်လာနေရင်း စကားသံသဲ့သဲ့ကိုကြားနေရသည်။

"အဖွား အရစ်မရှည်နေစမ်းပါနဲ့ ကားမောင်းလာရလို့ လူကပင်ပန်းနေပြီ ဒါရှောင်ကျန့်အိမ်ဟုတ်တယ်ဆိုရင်လဲ အိမ်ရှင်တွေကို သွားခေါ်ပေး သွား သွား"

မောကြောကြောအသံကိုကြားလိုက်သည်နှင့် မိလီနှင့် စုရီတို့ အဖွားနှင့်စကားပြောနေသည့်ထိုမိန်းခလေးဟာ ရန်ရှန်းမှန်းတန်းသိသွားပြီး အဖွားနားသို့ နှစ်ယောက်သားပြေးသွားကာ

Unsolvable‌ -ဖြေရှင်း၍မရသော / ​ဖြေရှင်း၍မရသော『Complete』Where stories live. Discover now