အပိုင်း (၁၅)

949 51 2
                                    

uni/

"ဒါ...ဒါဆို ကျန့်ကျန့်တို့ ဟောက်ရွှမ်းတို့အကြောင်းကို မိဘတွေစီလှမ်းတိုင်တာက အဖွားပေါ့ ဟုတ်လား"

မိလီ စိတ်မကောင်းစွာလဆရာကြီးကျိုချန်အားမေးလိုက်မိသည်။ သူတို့အားလုံးထင်ခဲ့တာ ဆရာကြီးလှမ်းတိုင်လိုက်တာလို့လေ။ အခုတော့အဖွားကလုပ်တာတဲ့လား။

"ဟုတ်တယ်"

"ဒါပေမယ့် ဒီကိစ္စတွေကို အဖွားမှမသိတာပဲကို"

စုရီသေချာစဉ်းစားကာပြောလိုက်သည်။ တကယ်လဲအဖွားက ဒီကိစ္စများကိုမသိတာအမှန်ပင်။

"ငါပြောပြလိုက်တာ နောက်ပြီးကလေးတွေကို ဘယ်လိုထိန်းရမလဲမေးခဲ့တော့ အဖွားကပဲဒီအကြံကိုပြောပြလာခဲ့တာ၊ ငါလဲ ဒါဟာဖြစ်သင့်တယ် လုပ်သင့်တယ်ထင်လို့ အဖွားကိုထောက်ခံလိုက်တာပဲ ဆရာတစ်ယောက်အနေနဲ့ ငါဒီလောက်တော့လုပ်ပိုင်ခွင့်ရှိပါတယ်"

စုရီရဲ့အပြောကို ကျိုးချန်ဖြေရှင်းချက်ပေးလိုက်သည်။ ပြီးနောက်သက်ပြင်းငွေ့ငွေ့ကိုမသက်မသာမှုတ်ထုတ်လိုက်တော့ ရင်ထဲကတင်းကျပ်မှုများပါသွားရင်ကောင်းလိမ့်မည်ဟုတွေးမိသည်။ သူလဲ တပည့်တွေကိုချစ်သည့်ဆရာတစ်ယောက်မို့ ဝမ်းနည်းညှိုးငယ်နေတဲ့ကလေးတွေကြောင့်သူလဲ အနည်းငယ်စိတ်မကောင်းဖြစ်ရသည်ပင်။

စစ်ကျွေး နဲ့ယွီပင်းလဲ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လှည့်လိုက်မိကြသည်။ ဆရာကြီးကျိုးချန်ပြောတာလဲအမှန်ဟု ထင်မှတ်လိုက်သည်။

သူတို့အရွယ်တွေကအရမ်းငယ်နေသေးကြတယ်။ သူတို့နှစ်ဦးကိုမိဘများကလာရောက်မခေါ်သွားခြင်းဟာ သူတို့နှစ်ဦးလုံးက နှစ်ဖက်မိဘများသဘောတူစေ့စပ်​ပွဲပြုလုပ်ခဲ့ကြပြီး စစ်ကျွေးကျောင်းပြီးသည်နှင့် သူတို့နှစ်ဦးသားလက်ထပ်ပွဲပြုလုပ်ကြမည်ဖြစ်ခြင်းကြောင့်ပင်။ မဟုတ်ပါက မိဘများလာရောက်ခေါ်ဆောင်ခြင်းကို စစ်ကျွေးလဲ သေချာပေါက်ခံရလိမ့်မည်ထင်သည်။

"ယွီပင်းကိုလဲ ငါကစစ်ကျွေးရဲ့ ဆရာတစ်ယောက်အနေနဲ့ပြောချင်တာက ကလေးကို ဒီအချစ်ရေးကိစ္စတွေမှာ အာရုံမများစေချင်ဘူး မင်းတို့ကိုမတွေ့ရဘူးလို့ဆိုလိုလိုက်တာ၊ တာပစ်လိုက်တာမဟုတ်ဘူး ကျောင်းတက်နေစဉ်အတွင်းတော့ စာကိုပဲသေချာအာရုံစိုက်စေချင်လို့၊ စစ်ကျွေးကလဲ စာကိုပဲအာရုံစိုက်ပါ နောက်ပြီး...... ကျန်တဲ့လူတွေကိုဒီလိုလုပ်လိုက်တာကလဲ ငါကကောင်းစေချင်လို့ သူတို့ကအရမ်းငယ်နေသေးတာပဲကို"

Unsolvable‌ -ဖြေရှင်း၍မရသော / ​ဖြေရှင်း၍မရသော『Complete』Where stories live. Discover now