အပိုင်း (၁၂)

1K 71 2
                                    

uni/

တစ်ခြားသူများ လိမ္မော်ခြံထဲတွင် ကြည်နူးနေသလောက် ရန်ရှင်းမှာစတိုးခန်းအား ညရောက်သည်အထိ ရှင်းလင်းလို့မပြီးနိုင်ခဲ့ပါ။ ရှုပ်ရှပ်ပွစိတက်နေသည့်ပစ္စည်းများကိုတစ်ယောက်ထဲရှင်းရတာကြောင့်တစ်ကိုယ်လုံးကိုက်ခဲနေသည်မှာ ကိုင်ပေါက်ထားသည့်အတိုင်းပင်။

"ရှင်း အဆင်ပြေရဲ့လား"

တံခါးအားဖြေးညှင်းစွာဖွင့်ကာဝင်လာပြီး အလိုက်မသိတက်စွာမေးလာသည့် ဝမ်ချောင့်ကို ရန်ရှင်း ပြေးရိုက်ချင်သည့်စိတ်အားထိန်းကာ

"အဆင်ပြေတဲ့ပုံပေါက်နေလို့လား"

"အာ...၊ကိုယ်ဘာကူပေးရအုန်းမလဲလို့လာမေးတာပါ"

"မေးများမေးပါအုန်းမလားလို့၊ အကုန်လုံးရှင်းပြီးသွားပြီ ဖုန်တွေလှည်းဖို့ပဲကျန်တော့တာ ဝမ်ချောင်လှည်းပေးထားနော် ရှင်းရေသွားချိုးလိုက်အုန်းမယ်"

တင်းမာနေသည့်မျက်နှာထားကနေ ချက်ချင်းပင်ချိုသာသောအပြောလေးဖြင့် ရန်ရှင်းမူပိုကာ ဝမ်ချောင့်ကိုခိုင်းစားလိုက်သည်။ ရည်းစားထားတာအလကားမှမဟုတ်ပဲ လိုအပ်ရင် အခုလိုခိုင်းရအောင်လို့ ဆိုတာလဲပါတယ်။

"အင်းအင်း ကိုယ်လှည်းပေးထားမယ် ရေသွားချိုးလိုက်တော့"

စတိုးခန်းထဲမှာရေချိုးခန်းမရှိတာကြောင့် အိမ်အနောက်ဖက်ရှိ သီးသန့်ရေချိုးခန်းထဲသွားချိုးရမည်။ ရန်ရှင်းလဲ ရေချိုးပစ္စည်အစုံအလင်ယူကာရေချိုးခန်းသို့ထွက်လာခဲ့လိုက်တော့သည်။ ဝမ်ချောက်ကတော့ တံမြက်စည်းဖြင့် တစ်ချက်လှည်းလိုက်တိုင်း ဖုန်အလုံးလိုက်ကြီးများထသွား‌အောင်အထိ နေရာတကာထူပိန်းနေသည့်ဖုန့်မှုန်များအားလှည်းရင်းကျန်ခဲ့သည်။ ရေချိုးခန်းသွားတဲ့လမ်းမှာရှိနေတဲ့ ရိပေါ်တို့အခန်းထဲတွင်တော့

"ကိုကို!! ဘာလို့အဲ့လောက်ယုတ်မာရတာလဲ"

"ကိုယ် ဘာရုပ်မာလို့လဲခလေးရဲ့ ကိုယ့်ရုပ်ကပျော့ပျော့လေး မယုံစမ်းကြည့်ပါလား"

"အင့်ဟယ်"

ပါးတစ်ဖက်ပေးကာ စမ်းခိုင်းနေသည့် ရိပေါ်၏ မျက်နှာကို ရှောင်ကျန့် အားကြီးကြီးဖြင့်ဆွဲလိမ်ဖဲ့ပစ်လိုက်သည်။ ထိုအခါမှ တအားအားဖြင့် မျက်နှာကြီးကရှုံ့တွလာသည်။

Unsolvable‌ -ဖြေရှင်း၍မရသော / ​ဖြေရှင်း၍မရသော『Complete』Where stories live. Discover now