အပိုင်း (၅)

1.6K 89 0
                                    

uni/

"ဟိုက်!! သေပြီ ဒီနေ့စာမေးပွဲဖြေမှာကိုမေ့ပြီး မနေ့ကအစောကြီးအိပ်မိတာ သွားပြီရှောင်ကျူးရေ နင်တော့သွားပြီ"

ဘေးနားမှာအိပ်နေတဲ့ ကျန့်ကျန့်ကိုနိုးတော့ မနိုးတာမို့ အားအကုန်ညှစ်ကာအော်နှိုးမှ အားးးဆိုပြီး လန်ဖြန့်ကာထလာသည်။

"ဝဲ့ နင်မေ့နေတာလား ဒီနေ့စာမေးပွဲဖြေမှာလေ"

"ဘာ!!!"

နှစ်ယောက်လုံး ဆွံ့အနေကြရာမှ

"အားးးးးးးးးး!!!!!"

နှစ်ယောက်ပြိုင်တူအော်ကာ အိပ်ရာကနေကမန်းကတန်းထပြီး ရေချိုးခန်းထဲ နှစ်ယောက်လုံး အတူတူဝင်မိတော့ အပေါက်ဝမှာ နှစ်ယောက်သားတစ်နေကြလေသည်။ ရေချိုးခန်းထဲမှာ မျက်နှာဖြစ်သလိုသစ်ပြီးထွက်လာတဲ့ နှစ်ယောက်ကယောက်ယက်ခတ်နေကြကာ အိပ်ခန်းကြီးလဲ ရှုပ်ပွနေပြီဖြစ်သည်။

အပေါ်အဖြူနှင့်အောက်အပြာရောင် ကျောင်းတူညီဝတ်စုံကိုလဲပြီး ဧည့်ခန်းထဲတွင် နှစ်ယောက်သား ဖြေရမည့်ပထမဆုံးဘာသာအား အသဲအသန် ခဲမှန်အောင်ကျက်ပြီး အောင်မှတ်ဖိုးလောက်ရကြကာမှ သက်ပြင်းချနိုင်ကြလေသည်။ မဟုတ်ပါက ဒူးနှင့်မျက်ရည်သုတ်ရတော့မည့်အဖြစ်။

မနက်စာကိုလဲ အေးအေးလူလူ ဖြောင့်ဖြောင့်တန်းတန်းမစားနိုင်ပဲ အဒေါ်ဖြစ်သူရှောင်လိယွမ်၏ ဗျစ်တောက်ဗျစ်တောက်ပြောဆိုနေမှုကို ခံနေရသည်။

"စာတွေမကျက်ပဲမနေ့ကကြတော့အိပ်ကြတယ် မနက်မှထကျက်မယ်ဆိုပြီး နှိုးစက်ကြတော့လဲအချိန်မပြောင်းထားဘူးလေ"

မနက်က အမွှာနှစ်ကောင်အာပြဲမှုကြောင့် လိယွမ်တောင်လန့်နိုးပြီး သွေးတက်ရသည့်အဖြစ်၊ ဘာများဖြစ်လဲလို့ အမွှာနှစ်ယောက်အခန်းထဲကိုကမန်းကတန်းထကာ လာကြည့်တော့ မူးလဲတော့မလိုဖြစ်သွားတဲ့ယွမ်ရယ်ပါ။ နားထင်ကိုဖိပြီးမျက်လုံးမှိတ်ကာစိတ်လျှော့နေတဲ့ယွမ်က အမွှာနှစ်ကောင်ကို ကျက်ရမယ့်စာအုပ်တွေယူကာ အခန်းပြင်ထွက်ကျက်ခိုင်းပြီး အခန်းရှင်းပေရသည်။ မဟုတ်ပါရင် ဝက်သိုက်နဲ့ လူနေတဲ့ အခန်းနဲ့မှားတော့မယ်။

Unsolvable‌ -ဖြေရှင်း၍မရသော / ​ဖြေရှင်း၍မရသော『Complete』Where stories live. Discover now