uni/
ကန်တင်းထဲမှာ ထမင်းဗန်းလေးတွေကိုင်ကာဖြင့် ထမင်းယူဖို့စောင့်နေကြသည့်ရှောင်အမွှာနှစ်ယောက် နှင့် သူငယ်ချင်းတစ်စုမှာ
"ကြာတာ ဗိုက်စာနေပါပြီဆိုမှ "
"ဟုတ်ပါ့ဟာ လူတွေကလဲများလိုက်တာ"
ဗိုက်စာလွန်း၍ မျက်နှာလေးများရှုံ့လျက် ငြီးငြူနေသည့် စစ်ကျွေးနဲ့ ရှောင်ကျူးရယ်ပါ။ နေ့လည်ခင်းထမင်းစားကျောင်းဆင်းချိန်မို့ ကျောင်းဝင်းအတွင်းရှိအတန်းပေါင်းစုံမှကျောင်းသားများ ထမင်းယူဖို့စောင့်နေကြတာကြောင့် ကန်တင်းထဲမှာကျောင်းသားကျောင်းသူများဖြင့် အပြည့်ဖြစ်နေလေသည်။
"ဟုတ်တယ်ငါလဲ စာနေပြီ၊ ဗိုက်ကလေးရယ် ခဏစောင့်ပါနော် ငါထမင်းယူပြီးရင်မင်းကိုကျွေးမယ်သိလား"
ဗိုက်ကလေးအား ပါပီလေးတစ်ကောင်သဖွယ်ပွတ်ကာပြောနေသည့် ရှောင်ကျန့်အား ရှောင်ကျူးမြင်လိုက်သည်နှင့် ပေါက်ကရစကားများထွက်လာလေသည်။
"ကျန့်ကျန့် နင်ဆေးရောသောက်ခဲ့လား ဆေးသောက်ရင်လဲလှုပ်ပြီးမှသောက်နော် အော် အွန်းပေါ့လေ နေမြင့်လေအရူးရင့်လေဆိုတော့ ဒီနေ့ နေတော်တော်ပူနေတာဟ အာ့ကြောင့် နင်ပိုဆိုးလာတာဖြစ်လောက်တယ် ငါ့မောင်လေးတော့"
"ကျူးကျူးမ၊ အေး အဲ့ဆေးကိုနင်ပဲမျိုလိုက် ဗိုက်စာပါတယ်ဆိုမှ ဘာတွေလာလာပြောနေမှန်းမသိဘူး သွားရှေ့လှည့် နင့်အလှည့်ရောက်တော့မှာ"
ရှောင်ကျန့်မှ ပတ်ကနဲပြန်ပြောတော့ နှုတ်ခမ်းကို မဲ့ပြပြီး ရှေ့ပြန်လှည့်သွားသော ရှောင်ကျူး
"နင်တို့ကလဲ အမွှာတွေမဟုတ်တဲ့အတိုင်းပဲကိုက်နေလိုက်ကြတာ"
စစ်ကျွေးနောက်လှည့်ကာ သူ့အနောက်ရှိရှောင်အမွှာနှစ်ယောက် ရန်ဖြစ်နေသည်ကို ဝင်ကာလျှာရှည်လိုက်သည်။
သူများတွေရန်ဖြစ်နေတာကိုလျှာသွားရှည်နေတဲ့စစ်ကျွေးရယ်ပါ...
"ဘာဆိုင်လို့လဲဟဲ့ သူများအမွှာတွေလဲ ကိုက်ကြတာပဲ နင်နဲ့ နင့်အကိုတောင်ကိုက်သေးတာပဲ ငါနဲ့ကျန့်ကျန့်ကိုလာပြောမနေနဲ့"
YOU ARE READING
Unsolvable -ဖြေရှင်း၍မရသော / ဖြေရှင်း၍မရသော『Complete』
Fantasíaအနေဝေးသွားလို့ အေးစက်သွားတယ်ထင်ရတဲ့အချစ်တစ်ခုကို ရူးရူးမိုက်မိုက်တွယ်ဖက်နေရတယ်ဆိုတာက တကယ်ရူးမိုက်ပါတယ် ကိုယ်အချစ်ရဆုံးသူက ကိုယ့်ကိုမရွေးချယ်သွားတာကို သိလိုက်ရအချိန် အသက်ရှင်နေတဲ့အဓိပ္ပာယ်ပျောက်ဆုံးသွားရပြီ @Gwm Charlotte * * * အနေဝေးသွားလို့ အေးစက်သ...