အပိုင်း (၇)

1.3K 76 2
                                    

uni/

ရှောင်ကျန့် နှုတ်ခမ်းတစ်ချက်သပ်ကာ ချောင်းတစ်ချက်ဟန့်ပြီး လည်ချောင်းရှင်းလိုက်သည်။

"ကျွန်တော်လေ …"

စကားစလိုက်သည်နှင့် ရိပေါ်ကောကိုမော့ကြည့်လိုက်တော့ ရိပေါ်ကောကလဲသူ့ကိုငုံ့မိုးကာကြည့်နေလေသည်။

"…"

"မနက်ဖြန်"

"…"

"10 နာရီကို ခရီးစမှာပါ အဲ့တာပြောမလို့"

"အော်!!!!!"

ခရီးသွားဖို့အချိန်ပြောတာကို အီးတုံးတန်ဆာဆင်သလို့ တစ်လုံးချင်းစီပြောနေသည့် ရှောင်ကျန့်ကြောင့် နားထောင်နေသူအကုန်လုံးမှ တစ်ပြိုင်နက်ထဲ အော်!!! ဟုဝိုင်းအော်ကြလေသည်။

"ဘာများလဲလို့ အဲ့တာကို တစ်ခါထဲဆက်ပြောလိုက်ရင် သေသွားမှာစိုးလို့လား"

စစ်ကျွေး မျက်ဆောင်းခဲရင်းရေရွတ်လိုက်သည်။

"ငါ့ဟာငါဘယ်လိုပြောပြောပေါ့ နင့်အပူပါလား"

ရှောင်ကျန့်လဲ မျက်ဆောင်းထိုးရင်း စစ်ကျွေးကိုပက်ခနဲပြန်ပြောပစ်လိုက်သည်။

ဟောက်ရွှမ်းကလဲ ကျိရန်လက်အားကိုင်ကာ

"ရတယ်လေ... ချစ်လေး မောင်လာခေါ်မယ်နော်"

"အွန်း အွန်း"

ရှောင်ကျန့်လဲ အကဲပိုနေသည့်ဟောက်ရွှမ်းတို့အတွဲအား နှာခေါင်းရှုံ့လိုက်ပြီး ရိပေါ်ဘက်သို့လှည့်ကာ

"ရိပေါ်ကောကရော အဆင်ပြေရဲ့လား"

"ရပါတယ် ကျန့်ကျန့်တို့အိမ်မှာပဲစောင့်‌နေကြမှာမလား ကိုယ်လာခဲ့ပါ့မယ်"

ကျူးကျူးကတော့ ဘာမှဝင်မပြောပဲ တစ်စုံတစ်ယောက်အကြောင်းကို စဉ်းစားနေခဲ့လေသည်။

ရေစက်လေးတွေတွဲခိုနေတဲ့အချိုရည်ဘူးလေးက အအေးဓာတ်တွေပျက်ပြယ်လုနီးပါးဖြစ်နေပေမယ့် ရှောင်ကျူးက ဂရုမစိုက်‌ သူ(မ)မသောက်ချင်ဘူးဖြစ်နေခဲ့သည်။ တစ်ခါတစ်လေ အတွေးတွေက လူတစ်ယောက်ရဲ့နေ့စဉ်ဒူဝအလုပ်တွေ‌ကိုတောင် ကမောက်ကမဖြစ်စေသည်အထိနှောက်ယှက်နိုင်လွန်းတာ ရှောင်ကျူယခုခံစားသိလိုက်ရသည်။

Unsolvable‌ -ဖြေရှင်း၍မရသော / ​ဖြေရှင်း၍မရသော『Complete』Where stories live. Discover now