အပိုင်း (၁၆)

868 60 2
                                    

uni/

"ဆိုတော့ အခုနှစ်ယောက်လုံးဘာလုပ်ဖို့အစီအစဉ်တွေရှိလဲ"

"ပန်းချီသင်တန်းတက်မှာ ဒီနေ့သွားအပ်မယ်"

မနက်ထမင်းစားဝိုင်းမှာ ရှေ့ဆက်ဖို့ပလန်အစီအစဉ်တွေမေးနေတဲ့ ယွမ့်ကို ဖုန်းသိမ်းခံထားရတာကြောငမကျေမနပ်ဖြစ်နေသည့် ရှောင်ကျန့်က ဆူထော်ထော်နှုတ်ဖျားလေးဖြင့် မပွင့်တပွင့်ပြန်ဖြေတယ်။ သို့သော် အသံလေးမှာ ဆူအောင့်အောင့်ဖြစ်နေကာ မျက်လုံးဝိုင်းဝိုင်းကနေ မျက်ဆောင်းလေးခဲဖို့လဲမမေ့။

"သမီးကတော့ ကိတ်မုန့်လုပ်တဲ့သင်တန်းလေးများတက်ရင်ကောင်းမလားလို့"

ရှောင်ကျူးမှာတော့ ဖုန်းသိမ်းခံရ၍မကျေနပ်ဖြစ်သော်လည်းအပစ်လုပ်ထားသူပြီပြီ အဒေါ်ဖြစ်သူရှေ့ အိ​​​​​​​​န္ဒြေရရထိုင်နေရသည်။ အမှန်တော့ စိတ်ထဲမှာ လိယွမ်ကိုမကောင်းဆိုးဝါးမကြီးအလား မြင်နေမိတာတော့အမှန်ပါပင်။

"ကောင်းပါတယ် စိတ်ပြေလက်ပျောက်ဖြစ်တာပေါ့"

လိယွမ်အပြောကြောင့် ရှောင်ကျန့်နှာခေါင်းရှုံ့သွားရကာ

ဟွန်း ဘာစိတ်ပြေလက်ပျောက်လဲ သူများချစ်ခြင်းကိုခွဲတုန်းကကြခွဲပြီးတော့ အသဲနှလုံးမရှိတဲ့မိန်းမကြီး~~

ရှောင်ကျန့်ကော်ဖီသောက်နေရင်း လိယွမ်အားဂျိုကြည့်ကြည့်ရင်းဖြင့် စိတ်ထဲကြိတ်ပြောနေလိုက်သည်။

"ကျန့်ကျန့် ငါ့ကိုဘာတွေဂျိုကြည့်ကြည့်နေတာလဲ"

"ဘယ်မှာကြည့်နေလို့လဲ"

ဂျို(ဂြိုလ်)ကြည့်တင်မဟုတ်ဘူး စကြဝဠာအကြည့်နဲ့ပါ ကြည့်ပစ်အုန်းမယ်~~

ရှောင်ကျန့်တွေးရင်းဖြင့် လိယွမ်အား မျက်ဆောင်းချည်း အချိန်တစ်ဆယ်သားလောက်ပစ်ထိုးလိုက်တယ်။ ပြီးနောက် ကော်ဖီအားတစ်ချိုက်ထည်းမော့ချလိုက်ပြီး ပေါင်မုန့်အား တစ်ချပ်လုံး ပါစပ်ထဲလုံးခြေပစ်သွင်းလိုက်ကာ မကျေနပ်ချက်များအား ပေါင်မုန့်ထဲတွင်ထည့်ဝါးရင်း အားဖြင့်မျိုချပစ်လိုက်သည်။

"ပြီးပြီ အပေါ်တက်တော့မယ်"

ဆူစောင့်အောင့်ပြီး အပေါ်ထပ်သို့ ဆူပုတ်ရင်းတက်သွားတဲ့ရှောင်ကျန့်ရယ်ပါ။

Unsolvable‌ -ဖြေရှင်း၍မရသော / ​ဖြေရှင်း၍မရသော『Complete』Where stories live. Discover now