uni/
ရှောင်ကျူး၏ အဖျားခတ်တုန်ခါသွားသည့်စကားတို့ကို ရှောင်ကျန့်ကြားပြီး ကမ္ဘာကြီးရဲ့လှုပ်ရှားမှုတို့ရပ်တန့်သွားရသလိုပင်။ မည်သည့်အသံမျှလဲမကြားရတော့ မည်သည်ကိုမျှလဲသတိမရနိုင်တော့ချေ။
ရှောင်ကျူးအားစိုက်ကာကြည့်နေသည့် ရှောင်ကျန့်၏ မျက်ဝန်းအိမ်ထဲ မျက်ရည်တို့ကပြည့်လျှံလာကာ ပါးပြင်ထက်သို့တစ်စက်ချင်း တဖြည်းဖြည်းလှိမ့်ကျလာလေသည်။ မေးဖျားလေးဟာလဲတုန်ရီနေသလို နှုတ်ခမ်းဖျားလေးဟာလဲ တစ်ဖြည်းဖြည်းမဲ့ကျလာလေသည်။
ပြီးနောက် ရှောင်ကျန့်က စီးကျနေသည့် မျက်ရည်တို့ကို လက်ခုံဖြင့်ခပ်ကြမ်းကြမ်းပွတ်သက်သုတ်လိုက်ပြီး ရှောင်ကျူးကိုကြည့်နေရာမှ အကြည့်တို့ လွှဲကာ ခေါင်းအားတွင်တွင်သာရမ်းသည်။ သူမယုံနိုင်ဘူး။
"ငါ့ကို လာလိမ်မနေနဲ့ ငါ့ကိုကိုက ငါ့ကိုလာတွေ့မှာ"
"ကျန့်ကျန့်!! ငါမလိမ်ပါဘူးဟာ"
ရှောင်ကျူးမလိမ်ပါဘူးပြောလိုက်သော်လည်း ရှောင်ကျန့်ကမယုံပါဘူးဆိုသည့်သဘောဖြင့် မျက်ရည်တို့အားသုတ်ရင်း ခေါင်းရမ်းမြဲရမ်းနေသည်။
"ရိပေါ်အမေက လွှတ်လိုက်တာကျန့်ကျန့် ဝမ်ချောင်ကိုရော ရိပေါ်ကိုရောပေါ့ ဒီနေ့မနက်ပဲသူတို့ထွက်သွားကြတာ"
အိုက်ရန်လဲ မယုံကြည်နိုင်ဖြစ်နေသည့်ရှောင်ကျန့်အား အခြေအနေကိုအတိုချုံ့ပြောပြလိုက်သည်။
"အဟင့် ဒါဆို ဒါဆို ကိုကို့မေမေက သိနေတာပေါ့ အာ့ဆို မနေ့က ကျန့်ကျန့်မေးတုန်းက ကိုကိုကဘာလို့ဘာမှမပြောတာလဲ"
အိုက်ရန်လဲ သက်ပြင်းချလိုက်ပြီး ပုခုံးလေးများ တသိမ့်သိမ့် တုန်နေသည်အထိ တစ်ရှုံ့ရှုံ့နေသော ရှောင်ကျန့်ကို ဘာပြောရမှန်းမသိတက်တော့။ ရှောင်ကျူးကတော့ မျက်နှာလေးမဲ့လျက် ငိုနေသောမောင်ဖြစ်သူရဲ့ကျောပြင်လေးကိုပွတ်သတ်ပေးနေရှာသည်။
လောကကြီးကရက်စက်တက်တယ် ကျန့်ကျန့်ရယ်။ နင်ပျော်ရွှင်နေတာကိုပဲ ငါမြင်ချင်ပေမယ့် အခုနင်ငိုနေပြန်တော့လဲ ငါကအမတစ်ယောက်အနေနဲ့ ဘာတစ်ခုမှမလုပ်ပေးနိုင်ခဲ့ပြန်ဘူး။ အခုအနေနဲ့ ငါတစ်ကိုယ်ကောင်ဆန်နေသလိုခံစားနေရတယ်။ နင်ကတော့ချစ်သူနဲ့ကွေးကွင်းနေရတဲ့ဒုက္ခကိုခံစားနေရပေမယ့် ငါကတော့ ချစ်သူရဲ့အနီးနားလေးမှာရှိနေရတယ်။ ဒါပေမယ့် ငါအပြည့်အဝ မပျော်ရွှင်ရပါဘူးကျန့်ကျန့်ရယ်။
YOU ARE READING
Unsolvable -ဖြေရှင်း၍မရသော / ဖြေရှင်း၍မရသော『Complete』