အပိုင်း (၁၃)

904 54 0
                                    


"ဒါကရှောင်မျိုးရိုးရဲ့ရှောင်ဖွားဖွားရဲ့အိမ် လန်မျိုးရိုးရဲ့အိမ်မဟုတ်ဘူး"

ကျိုးချန်လဲ အပိုင်ဖြင့်ပြောလိုက်ပေမယ့် လန်ချီချန်းဟာ ရှောင်ဖွားဖွားရဲ့သမီးအငယ်ဆုံးကနေမွေးတာမို့ လန်မျိုးရိုးဖြစ်နေပေမယ့် ရှောင်ဖွားဖွားရဲ့မြေးဖြစ်တာကြောင့် သူ့အိမ်သူလာသည်မှာမဆန်းပေ။

"ရှောင်ဖွားဖွားက ကိုယ့်အဖွားလေ ကိုယ်လာတာမထူးဆန်းပါဘူး၊ ကျိုးကသာ ဒီကိုသဘောရိုးနဲ့ရောက်လာတာဟုတ်ရဲ့လား"

"ဘာပြောတယ် မင်းမမြင်ဘူးလား ငါ့ကျောင်းသားတွေနဲ့ ငါအလည်အပတ်ခရီးထွက်လာတာ"

"အော်...၊ မသိပါဘူး ကိုယ့်ကိုများသတိရလို့အလည်လာတာလားလို့လေ"

"ချီးပဲ စိတ်ကူးယဉ်နေလိုက် ဘုရားရှေ့မှာဖင်ပူးတောင်းထောင်ပြီးဆုတောင်းနေလိုက်အုံး၊ နောက်ပြီး ငါပြောထားမယ် မင်းငါ့ကို မသိသလိုနေပေး ငါလဲမင်းကို မသိသလိုနေမယ် ငါ့ကိုကျောင်းသားတွေရှေ့မှာ အရှက်ခွဲဖို့မကြိုးစားနဲ့ ဒါပဲ"

ကျိုးချန် တစ်ခါထဲအပြတ်ပြောပြီးလှည့်ပြန်မည်အပြု သူ့ကိုလက်ကောက်ဝတ်မှနေပြီးဖမ်းဆွဲထားသော လန်ချီရှန်း

"နေပါအုန်း ကျိုးရဲ့ ဘာဖြစ်လို့လဲ ကိုယ့်တို့အချင်းချင်းသိကြတာပဲမဟုတ်ဘူးလား"

"သိပေမယ့် မသိသလိုနေပေးပါဆိုနေ လွှတ်!!"

ကျိုးချန် လက်ကိုဆောင့်ရုန်းကာ လန်ချီရှန်း ရှေ့မှမပြေးရုံတစ်မယ်ခြေလှမ်းကျယ်ကြီးများဖြင့်ထွက်လာခဲ့လိုက်သည်။ အဲ့ဒီလူ ဒီကိုဘယ်လိုရောက်လာတာများလဲ အဖွားရှောင် သွားပြောလိုက်တာတော့မဟုတ်ဘူးလား။

ကျိုးချန်မသိသည်က အဖွားရှောင်ဟာ သူ၏သားမက် လန်သခင်ကြီး(လန်ချီရှန်း၏အဖေ)ကို ကျန့်ကျန့်တို့၏ဆရာလေးရောက်နေကြောင်းကို ဖုန်းဆက်လှမ်းပြောထားတာကြောင့် လန်ချီရှန်းထိုအကြောင်းကိုသိသွားပြီး ရှောင်အိမ်တော်သို့ရောက်လာရခြင်းပင်။

အိမ်ထဲမှာလဲ

"ကလေးတို့ ထမင်းစားပြီး လိမ္မော်ခြံထဲမသွားကြနဲ့တော့နော် ရာသီချိန်ဆိုတော့ အသီးတွေဆွတ်နေကြတာ အလုပ်သမားတွေပြည့်နေမှာ သွားချင်ရင် စပျစ်ခြံဘက်ကိုသွားကြနော်"

Unsolvable‌ -ဖြေရှင်း၍မရသော / ​ဖြေရှင်း၍မရသော『Complete』Where stories live. Discover now