အပိုင်း (၁၇)

822 61 2
                                    

uni/

"ခလေးငယ်"

"ဟင်!!!"

အနောက်နားစီကကြားလိုက်ရတဲ့ စကားသံတိုးတိုးလေးက ရှောင်ကျန့်ရဲ့နားစည်ကိုအကျယ်ဆုံးလာရောက်ထိခိုက်သွားသလိုပင် ခန္ဓာကိုယ်လေးကတုန်လှုပ်သွားခဲ့သည်။

တုန်တက်သွားသည့် ခန္ဓာကိုယ်လေးနှင့်အတူ မယုံကြည်နိုင်စွာ ကျယ်ဝန်းလာခဲ့တဲ့မျက်ဝန်းအိမ်တို့က ပူတက်သွားပြီး မျက်ရည်ကြည်တို့ချက်ချင်းပြည့်လျှံလာလျက်။

ထိုင်နေရာမှထရပ်ပြီး အသံထွက်ပေါ်လာရာဘက်သို့လှည့်လိုက်ချိန်

"ကိုကို!! .... ၊ဟင့်"

အပြေးလေးတိုးဝင်လာသူကိုရိပေါ်ပွေ့ဖက်လိုက်တာ့ ချစ်သူရက ရင်ခွင်ထဲကိုခေါင်းလေးတိုးဝေ့လာသည်။ ရိပေါ်လဲဦးခေါင်းလေးကိုပွတ်သတ်လိုက်ပြီး

"လွမ်းနေတာ မတွေ့ရလောက်တော့ဘူးထင်နေတာ အများကြီးတွေ့ချင်နေခဲ့တာ ကိုယ်က ကိုယ်က..."

ရိပေါ်အတွက် ဒီအချိန်လေးဟာ ဘာနဲ့မှမလဲနိုင်လောက်အောင်ကိုတန်ဖိုးရှိလွန်းသည်။ ဝမ်းသာပျော်ရွှင်မှုများကမပြောပြတက်အောင်ဖြစ်တည်သွားရသည်မို့ စကားများဆက်ပြောဖို့ပင်မတက်နိုင်စွာ

"အင်း ကလေးရော ကိုကို့ ကိုတွေ့ချင်နေတာအရမ်းပဲ"

ရှောင်ကျန့်လဲ ရိပေါ်ကိုဖက်တွယ်ထားသည်ကမခွာတော့။

သူ ဒီကိုကိုဆိုသည့်လူသားကိုမတွေ့ရလောက်ဘူးထင်ပြီးဘယ်လောက်ဝမ်းနည်းနေခဲ့ရတာလဲ။ အခုလိုပြန်တွေ့ရဖို့လဲ မမျှော်လင့်ရဲ့ခဲ့ဘူး။ အခုတော့ အခုတော့~~~

ရှောင်ကျူး ခင်တင်းတင်းပွေ့ဖက်ထားကြသည့် ရိပေါ်နဲ့ ရှောင်ကျန့်တို့ကိုကြည့်ကာ မီးဖိုခန်းထဲမှာ အိုက်ရန်ကော ပြောလာသည့် ရိပေါ်အကြောင်းကိုပြန်တွေးမိသည်။ နှစ်ယောက်လုံးက သိပ်သနားစရာကောင်းလွန်းပါသည်။

ရိပေါ်နှင့် ရှောင်ကျန့် သူတို့နှစ်ဦး၏ စစ်မှန်သော ချစ်ခြင်းတွေကဘေးလူများပင် ပြုံးစေနိုင်လောက်သည်အထိ အချစ်ဆိုတာဒါမျိုးပါလားဟုအံ့သြရေရွတ်ရလောက်သည်အထိကို ကြီးမားကြသည်။ သို့သော် အချစ်စစ်တို့လမ်းသည် မည်သည့်အခါကမှမဖြောင့်ဖြူးဖူးခဲ့ဘူးပါလေ။

Unsolvable‌ -ဖြေရှင်း၍မရသော / ​ဖြေရှင်း၍မရသော『Complete』Where stories live. Discover now