အပိုင်း (၁၄)

803 53 2
                                    

uni/

ရှောင်လိယွမ် စကားကြောင့်အမွှာနှစ်ယောက်လုံး လန့်သွားမိကြကာ မျက်လုံးလေးများလဲ အဝိုင်းသားဖြစ်သွားရကြသည်။ ရင်ထဲမှာလဲ စိုးထိတ်မှူအပြည့်ဖြင့်ဖြစ်နေရသလို ယွမ်ဘာဖြစ်လာရသည်ဆိုတာလဲ နှစ်ယောက်လုံးနာမလည်နိုင်ဖြစ်သွားကြရသည်။ ရှောင်ကျန့် မနေနိုင်စွာ လိယွမ်အားမေးလိုက်မိသည်။

"ယွမ် ဘာ...ဘာ ဖြစ်လို့လဲ"

"အမလေး ငါသွေးတက်တယ် ရှောင်ကျန့် နဲ့ ရှောင်ကျူးရယ် ဘာဖြစ်လို့လဲ ဟလား နင်မေးရဲသေးတယ်ပေါ့လေ"

လိယွမ် ဒေါ်သတွေထွက်စွာအသံပါတွေတုန်ရီလာရသည်။ သူဒီကလေးနှစ်ယောက်ကို ဘယ်လိုတောင်ပြုစုပျိုးထောင်လာရတာမို့လို့ အခုလိုအဖြစ်ခံရမှာလဲ။ သူတို့တွေအရမ်းကိုငယ်နေသေးတယ်လေ။

"ယွမ် ....."

ရှောင်ကျူးပြောမည့်စကားတွေမစရခင် လိယွမ်လက်ကာပြလိုက်ပြီး

"တော် ရှောင်ကျူး မပြောနဲ့ ငါအရင်ပြောမယ်...ရှောင်ကျန့် ထိုင်နေတာကထစမ်း...အေး နင်...ရည်းစားရနေတာ ဟုတ်လား"

ရှောင်ကျန့် ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားရကာ ထိုင်ရာကနေဖြေးဖြေးချင်းထလိုက်သည်။

"ဗျာ သားက..."

"အပိုတွေမပြောပဲနဲ့ ဟုတ်လားမဟုတ်ဘူးလားပဲဖြေ"

ရှောင့်ကျန့်ကို စူးစိုက်ကြည့်ကာပြောလာတဲ့လိယွမ်ကြောင့် ခုံပေါ်မှာထိုင်နေတဲ့သူတို့တစ်ဖွဲ့လုံးမျက်နှာများပျက်ယွင်းနေသလို သူငယ်ချင်းဖြစ်သူအား အုပ်ထိန်းသူမှ မိမိတို့ရှေ့မှာတင်ဆူပူနေတာကြောင့်မနေတက်တစ်မျိုးဖြစ်နေကြရသည်။ အဆိုးဆုံးကတော့ရိပေါ်ပင် မျက်နှာကြီးတစ်ခုလုံးမှုန်ကုတ်ကာ မဲမှောင်နေလျက်။

ဒီလိုနဲ့ သူ့ခလေးလေးအရိုက်ခံရတော့မှာမဟုတ်ဘူးမလား~~

"ညည်းရောက်လာတာဖြင့်မကြာသေးပါဘူးအေ အမောလေးဘာလေးအရင်ဖြေပါအုန်းလားမိယွမ်ရဲ့"

ဧည့်ခန်းထဲက ပတ်လပ်ကုလားထိုင်မှာထိုင်နေသောအဖွားအပြောကြောင့် အကုန်လုံးမသိမသာသက်ပြင်းချလိုက်မိကြသည်။ ရှောင်ကျန့် နဲ့ ရှောင်ကျူးကတော့ မတ်တပ်ကလေးရပ်ကာ ခေါင်းလေးများကိုအောက်သို့ငုံ့ထားလျက်ရှိနေကြရာ လိယွမ်ဟာလဲ တူဖြစ်သူနဲ့ တူမဖြစ်သူကို အံတကြိတ်ကြိတ်ဖြင့်ကြည့်နေလေသည်။

Unsolvable‌ -ဖြေရှင်း၍မရသော / ​ဖြေရှင်း၍မရသော『Complete』Where stories live. Discover now