uni/
ကားစီးရင်း အိပ်တက်တဲ့ ကျန့်ကျန့်က မုန့်ထုတ်ကြီးကိုင်ပြီးအိပ်ပျော်နေလေပြီ။ ပါးစပ်မှာလဲ မုန့်အမှုန်အမွှားတွေ ပေကျံပြီး ဟနေသည့် ပါးစပ်လေးကလဲ ယုန်သွားလေးတွေကပေါ်လို့နေသည်။
ရိပေါ်လဲ ကျန့်ကျန့်နှုတ်ခမ်းမှ မုန့်အမှုန်အမွှားလေးများကို လက်ဖြင့်တယုတယသုတ်ပေးရင်း ပြုံးလိုက်မိသည်။
ဟိုသည်လျှောက်ကြည့်ရင် ထိုအရာကိုမြင်သွားသည့်ကျိရန်မှာတော့ နှုတ်ခမ်းအားမဲ့ပြီး နှာခေါင်းလဲရှုံ့လိုက်သည်။ ရည်းစားမထားဘူးမှန်းသိသာချက်။ ဒါတောင် သူ့ရည်းစားမဖြစ်သေးဘူး တော်တော် ကဲကဲသဲသဲ ဖြစ်နေတာ။
ကျန့်ကျန့် ပါစပ်မှာပေနေသည့် မုန့်တွေကို တယုတယဖြင့် သုတ်ပေးနေသည့် ရိပေါ်ကို ရှောင်ကျူးက ကျေနပ်စွာကြည့်နေလေသည်။ ရှောင်ကျူးကိုလဲ အိုက်ရန်ကပြုံး၍ကြည့်နေခဲ့သည်။
"ရိပေါ် မင်းနဲ့ ကျန့်ကျန့်က ဘာများတော်လို့အခုလို လုပ်ပေးနေတာလဲ"
ရိပေါ်၏ လုပ်ရပ်များကို ဝမ်ချောင်အလိုမကျစွာလှမ်းပြောလိုက်တော့ ရိပေါ်လက်တွေ ရပ်သွားရသည်။ နှုတ်ခမ်းမှအပြုံးဟာလဲတိကနဲတန့်သွားသည်။
"ဘာမှမတော်ဘူး ငါလုပ်ပေးချင်လို့"
"မင်းဒီလိုလုပ်တာ ကျန့်ကျန့် သိရင်ကြိုက်ပါ့မလား "
"သူမသိဘူး"
"ငါသိတယ်လေ "
"မင်းနဲ့ဘာဆိုင်လဲ"
"ငါမကြိုက်ဘူး "
"မင်းမကြိုက်ရအောင် ကျန့်ကျန့်ကမင်းနဲ့ရော ဘာတော်လို့လဲ"
ကိုယ့်စကားနှင့်ကိုယ်ပြန်ထိုးနှပ်ခံလိုက်ရသည်မို့ ဝမ်ချောင် တိတ်ဆိတ်သွားရသည်။ ရိပေါ်ကတော့ဝမ်ချောင့်အပေါ်စူးစူးရဲရဲအကြည့်တွေဖြင့် မလွှဲမဖယ်စိုက်ကြည့်နေခဲ့သည်။
အခြေအတင်ဖြစ်နေသည့် ရိပေါ် နှင့် ဝမ်ချောင်က ကျန့်ကျန့်နဲ့ ပတ်သတ်ပြီး ထိုးကြိတ်ကြတော့မယ့် ပုံစံပင်။
"တော်ပါတော့ကွာ မင်းတို့ကလဲ"
ကားခေါင်းခန်းမှာရှိနေသည့်ဆရားကြီး ကြားသွားမည်ဆိုး၍ ကြားထဲက ကျိရန်ပဲ ခပ်ကြိတ်ကြိတ် ဝင်းတားရသည်။
YOU ARE READING
Unsolvable -ဖြေရှင်း၍မရသော / ဖြေရှင်း၍မရသော『Complete』