အပိုင်း (၉)

1.1K 76 2
                                    

uni/

ရိပေါ်ရေချိုးအပြီး ရေချိုးခန်းကထွက်လာတော့ အိုက်ရန်က အခန်းထဲတွင်မရှိတော့

"အိုက်ရန် ဘယ်သွားတာလဲမသိဘူး"

ရိပေါ် အခန်းထဲမျက်စိတောင်မှောက်လိုက်ကြည့်လိုက်တော့ အိုက်ရန်ကဖုန်းကို ခုတင်ခေါင်းရင်းတွင်ထားခဲ့သည်။ လူကတော့ဘယ်သွားနေလဲမသိ။

ရိပေါ် မသိသည်မှာ အိုက်ရန်ဟာ ရှောင်ကျူးတို့အခန်းရှေ့တွင်

ဒေါက်!! ဒေါက်!!

"ဟဲ့ အခန်းရှေ့ကဘယ်သူလဲမသိဘူး"

မှန်တင်ခုံရှေ့ ရေစိုနေသောဆံပင်များသုတ်ရင်း တံခါးခေါက်သံကြားရသည်ကြောင့် မိလီ စုရီအား လှမ်းပြောလိုက်သည်။

အိပ်ယာပေါ်လှဲရင်းဖုန်းသုံးနေသည့်ဆောဟွာကလဲထထိုင်လာလေသည်။ သူများအိမ်မှာမို့ အနေအထိုင်ဆင်ခြင်တာကောင်းသည့်အပြုအမူပဲလေ။

"ခဏလေ သွားကြည့်လိုက်မယ်"

စုရီလဲ တံခါအားဖွင့်လိုက်တော့

"အော် အိုက်ရန်ကော...ဘာ ဖြစ်လို့လဲ"

"ဟို...ကျူးကျူး အိပ်နေပြီလားလို့"

"ဟုတ်... ကျူးကျူးက ကားမူးမပျောက်သေးဘူးဆိုပြီး စောစောအိပ်သွားတယ် အိုက်ရန်ကောရဲ့"

"အော် အာ့ဆို ကောတစ်ခုလောက်အကူအညီတောင်းချင်လို့"

"ဟုတ် ဘာများ..."

"ကျူးကျူး ကို ဒီဆေးလေးတိုက်ပေးပါအုံး သူအိပ်ပျော်နေလဲ နှိုးပြီးတိုက်ပေးနော် မဟုတ်ရင်နံနက်လင်းထိ ခေါင်းတွေမူးနေမှာဆိုးလို့ ကူညီပါနော်"

"အော် ဟုတ်ကဲ့ ရတာပေါ့ ကူညီမှာ စိတ်ချလိုက်"

"အဟက် ဟုတ်ပြီ ကျေးဇူးနော်"

အိုက်ရန်ပြန်သွားတော့ စုရီလဲပြုံးစိစိဖြင့်အခန်းတံခါးပိတ်လိုက်ပြီး ပြန်အလှည့်

"ဟဲ့ ဘာတဲ့လဲ"

မှန်တင်ခုံရှေ့ထိုင်နေသော မိလီက မှန်ထဲတွင်ပေါ်နေသော စုရီ၏ ပြုံစိစိရုပ်အားကြည့်ရင်း လှမ်းမေးလိုက်သည်။

Unsolvable‌ -ဖြေရှင်း၍မရသော / ​ဖြေရှင်း၍မရသော『Complete』Where stories live. Discover now