uni/
"ငါဘာကြည့်နေတာလဲဆိုတော့... "
အိုက်ရန် ပြောတော့မည်ဖြစ်တာကြောင့် ကျိရန်မှာ ခေါင်းလေးရှေ့တိုးပြီး စိတ်ဝင်တစားနားထောင်နေသည်။
"ဒါနဲ့ မေးအုံးမယ် ၊ ကျိရန် မင်းနဲ့ ဟောက်ရွှမ်းနဲ့ခင်တယ်မလား"
အိုက်ရန်က အဆုံးထိဆက်မပြောပါပဲ တန်းလန်းကြီးရပ်ပစ်ကာ သိချင်တာကိုဆွဲမေးလာတာကြောင့် ကျိရန်မျက်ဖြူစိုက်လိုက်သည်။ လိုရာကိုမရောက်တော့ဘူး။
"အေး ၊ ခင်တယ် ဘာလို့လဲ"
"အော် အဲ့ဟောက်ရွှမ်းက ပထမနှစ်ကမလား"
"ဟုတ်တယ် ဘာဖြစ်လို့လဲ မင်းက သူ့ကိုသိလို့လား"
"မသိပါဘူးလေ အဲ ပြီးတော့ သူက အခန်း 1 ကနော် ၊ ဆရာကြီး ကျန်းချန်အခန်းထဲကမလား "
"ဟုတ်တယ်၊ အခန်း 1 က "
"သူကဆရာကြီးနဲ့လဲ အမျိူးတော်တယ်မလား ဝမ်မျိုးရိုးပဲမလား"
"ဟုတ်တယ်လေ ဝမ်ဟောက်ရွှမ်းပါဆိုမှ ဝမ်မျိုးရိုးပေါ့ အခန်း 1 ကလဲဟုတယ်၊ အဲ့အခန်းက ဆရာကြီး ကျန်းချန်အခန်းလဲဟုတယ်၊ ငါနဲ့လဲ ခင်တယ် ဘယ်လိုဖြစ်လို့ ခွမေးနေတာလဲ အိုက်ရန်၊ ခေါင်းကိုရှုပ်နေတာပဲ"
ဟုတ်တယ်လေ ကျိရန်တို့တင်းပြီပေါ့ အိုက်ရန်ကမေးခွန်းတွေ မပြီးနိုင် မစီးနိုင်မေးနေတာကို
"ဘာမှမဟုတ်ပါဘူး ဒီတိုင်းမေးတာပါကွာ မင်းကလဲ ၊ အေး ဟုတ်သား ဝမ်မျိုးရိုးဆိုမှ ရိပေါ် သူတို့နဲ့မင်းတို့နဲ့မျိုးရိုးတူသလားလို့ အမျိုးတော့မတော်ဘူးမလား"
"ဝမ် ဆိုပြီးမျိုးရိုးနာမည်ပဲတူတာ ဟိုဘက်တစ်ခြမ်း ဒီဘက်တစ်တစ်ခြမ်းစီ ဘာအမျိုးမှမတော်ဘူး"
"အော်၊ ကျိရန် ဒါဆို ငါ့ကိုအဲ့ဝမ်ဟောက်ရွှမ်းနဲ့မိတ်ဆက်ပေးပါလားဟင်"
"လာပြန်ပြီ ဘယ်လိုဖြစ်လို့ ခင်ချင်ပြန်တာလဲ "
"အော် လူပဲ အပေါင်းအသင်းပေါတော့မကောင်းဘူးလား ၊ အာ့မို့ခင်ချင်တာပါကွာ ဘာရယ်မဟုတ်ပါဘူး... မိတ်ဖြစ်ဆွေဖြစ်ပေါ့"
YOU ARE READING
Unsolvable -ဖြေရှင်း၍မရသော / ဖြေရှင်း၍မရသော『Complete』