အပိုင်း (၁၁)

1.1K 86 5
                                    

uni/

"ဟေ့ကောင်တွေ!!!"

အနောက်ကနေ အသံပြဲကြီးနှစ်ခုကို မထင်မှတ်စွာနဲ့ ကြာလိုက်ရတာကြောင့် မျက်လုံးလေးပြူးလျက် လန့်ဖြန့်သွားသည့် ရှောင်ကျန့်မှာ ရိပေါ်ကိုတွန်းထုတ်လိုက်မိသည်။

ဘုတ်!!

"အာ့!! ခလေး"

အရှိန်ပါလွန်းသည့်တွန်းထုတ်လိုက်မှုကြောင့် ရိပေါ်မှာမြေပြင်သို့ ခွေကျဝက်ကျပင်။ ဒါ့အပြင် သူ့ဖင့်တည့်တည့်အောက် မြေပြင်ပေါ်မှာရှိနေသည့်ခဲလုံးကို တက်ထိုင်လိုက်မိသည်ကြောင့် အီစိမ့်သွားရကာ နာကျင်မှုကမသက်သာလှ

"အာ့ သေပါပြီ ခလေးရယ်..."

ရိပေါ်ချက်ချင်းပြန်မထနိုင်ပဲ ဖင်လေးကိုတစ်းခြမ်းကြွကာ နာကျင်သည့်နေရာအား ခပ်ဖွခပ်ဖွလေးပွတ်သတ်နေရသည်။

"ဟာ ကိုကို"

ရှောင်ကျန့်လဲ လန့်လို့တွန်းထုတ်လိုက်မိသော်လည်း တကယ်တမ်းမှာ ရိပေါ်လဲကျသွားပြီးနာကျင်မှုကိုခံစားရသည့် မျက်နှာနှင့်အသံကိုကြားရမြင်လိုက်ရတော့ မျက်နှာလေးမှာ ငိုမဲ့မဲ့။

သူ့‌ကြောင့် သူ့ကိုကို နာသွားတာ။

ရှောင်ကျန့် ရိပေါ်ကို အပြေးလေးသွားမထူလိုက်ကာ ဘောင်းဘီမှာကပ်ညိနေသည့်ဖုန်တွေခါပေးနေရင်

"ကိုကို အရမ်းနာသွားလားဟင် ခလေးက လန့်သွားလို့...အရမ်းနာသွားလားဟင် အုံဖွနော်"

မျက်နှာငယ်လေးဖြင့် အုံဖွ လာလုပ်ပေးနေတဲ့ခလေးကြောင့် ရိပေါ်မှာ နာနေတာတွေတောင်ဘယ်နားရောက်သွားမှန်းမသိတော့။ ဖုန်တွေခါပေးနေသည့် ခလေးငယ်ရဲ့ လက်ကိုကိုင်လိုက်ကာ

"အရမ်းကြီးမနာပါဘူးခလေးရဲ့"

"အဟင့် အဲ့တာ နင်တို့နှစ်ကောင်ကြောင့် ငါ့ကိုကို နာသွားတာ၊ ဘာလို့အနောက်ကနေ အသံပြဲကြီးနဲ့လာအော်နေတာလဲ နင်တို့အသံကို နားထောင်လို့ကောင်းတယ်များမှတ်နေလား ဟွန့်"

ရှောင်ကျန့်ချက်ချင်းပင် ဟောက်ရွှမ်းနှင့် စစ်ကျွေးအားရန်လှမ်းစွားလိုက်သည်။

Unsolvable‌ -ဖြေရှင်း၍မရသော / ​ဖြေရှင်း၍မရသော『Complete』Where stories live. Discover now