ဒီနေ့သည် လပြည့်ပန်းပွဲတော်နေ့ဖြစ်သည်။
ကံကောင်းခြင်းတို့တောက်ပကွန့်မြူးရာ
နေ့ကောင်းရက်မြတ်ဖြစ်တာကြောင့်လားမသိ၊
ရာသီဥတုကလည်း ခါတိုင်းထက်ကိုသိသိသာသာ သာယာလှသည်။ တစ်ချက်တစ်ချက်တိုက်ခတ်လာသည့် အေးချမ်းသောလေပြေလေးကား ဆောင်းကာလကိုနှုတ်ဆက်နေသယောင်ပင်။
ထို့အပြင် ဂျိုဆွန်း၏နေရာအနှံ့မှာလည်း နွေဦးရာသီရဲ့စတင်ခြင်းအငွေ့အသက်လေးတွေနဲ့အတူ ချယ်ရီပန်းများသည်လည်း ပွင့်လန်းစပြုနေပြီဖြစ်သည်။ပွဲတော်၏အဓိကအချိန်ကား ညအချိန်ဖြစ်သည်။
သုံးနှစ်မှတစ်ကြိမ်ကျရောက်သည့်ပွဲတော်ကြီးဖြစ်တာမို့ ဒီနေ့တွင်ဂျိုဆွန်းပြည်ရှိ
ဘယ်လူတန်းစားမဆို၊ဘယ်မျိုးရိုးမဆို
လူတိုင်းလိုလိုဝတ်ကောင်းစားလှများဝတ်ဆင်ကာ ပြည်နယ်တစ်ခုလုံး ပျော်ပွဲရွှင်ပွဲများကျင်းပကြမည်ဖြစ်သည်။
ညဈေးပွဲတော်များလည်းအကြီးကျယ်ဆုံးဖြစ်အောင်အစီအရီကျင်းပရောင်းချမည်ဖြစ်ပြီး
တစ်ပြည်လုံးရှိ ယခုအချိန်တွင်ပွင့်လန်းသမျှပန်းပေါင်းစုံအကုန်ရောင်းချမည့် ပန်းဈေးတန်းအကြီးကြီးလည်း ရှိမည်ဖြစ်သည်။
ဘုရင့်နန်းတော်တည်ရှိသောဂျိုဆွန်း၏
အဓိကမြို့တော်ဖြစ်သည့်ဟန်ယန်းတွင်မူ ပိုမိုကြီးကျယ်ခမ်းနားသိုက်မြိုက်စွာကျင်းပမည်ဖြစ်သည်။ယနေ့မနက်ဝေလီဝေလင်းအချိန်ကတည်းက မင်းသားဂျောင်ဂုသည် ခါတိုင်းဝတ်နေကျ
ကျောင်းဝတ်စုံမဟုတ်သည့် မင်းသားဝတ်ရုံတော်ကိုဆင်မြန်းပြီး နန်းတွင်းထဲသို့ရောက်ရှိနေသည်။
မတွေ့ရတာကြာပြီဖြစ်သော မိခင်ဖြစ်သူ
မြောက်ဖက်ဆောင်မိဖုရားဆီသို့ အခစားဝင်ရောက်ခြင်းဖြစ်လေသည်။မင်းသားဂျောင်ဂု၏
ခန့်ညားတည်ကြည်သောရုပ်သွင်လက္ခဏာကား
မင်းသားဝတ်ရုံတော်အပြာရင့်ရင့်နှင့်အပ်စပ်စွာ
မင်းမျိုးမင်းနွယ်တစ်ယောက်၏အသွင်ကို ပိုထင်ရှားစေသည်။ချောမောသည့်မျက်နှာပေါ်
မှာ ငယ်ရွယ်ခြင်းများကိုပြသနေပေမယ့်
အရွယ်နှင့်မလိုက် လေးနက်မှုများပြည့်နေသော မျက်ဝန်းတစ်စုံက သိပ်ကိုတောက်ပသည်။
အရယ်အပြုံးသိပ်မရှိပေမယ့် သူ၏မျက်နှာပေါ်ကနွေးထွေးဖော်ရွေခြင်းများကို နန်းတွင်းထဲရှိ တွေ့ဖူးသည့်သူတိုင်း ခံစားရသည်။
YOU ARE READING
တော်ဝင်ချစ်သက်သေ [JIKOOK]
Fanfic[Unicode+Zawgyi] ဆောင်ကျန်ကွမ်ကျောင်းတော်ကို ဗဟိုပြုပြီး ပေါ်ပေါက်လာတဲ့ ကျောင်းသား ခုနှစ်ယောက်ကြားက ဇာတ်လမ်းလေးတစ်ပုဒ် ဆောင်ကျန်ကွမ်ကျောင်းတော်ကို ဗဟိုပြုပြီး ပေါ်ပေါက်လာတဲ့ ကျောင်းသား ခုနှစ်ယောက်ကြားက ဇာတ်လမ်းလေးတစ်ပုဒ် _9 April / 2018 _ 🟣 sorry...