Super God Gene (961)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၉၆၁)
-------- --------- -------- ------- --------
ဟန်ဆန်းမှာ ကလေးနဲ့ပတ်သက်ပြီး အခက်အခဲတွေ ရှိခဲ့တယ်။ လူသားတွေဟာ အသက်၁၆နှစ်ပြည့်မှ နတ်ဘုရားကမ္ဘာကို ဝင်ရောက်ခွင့်ရှိတာမို့ ရဲတိုက်ထဲမှာ ကလေးတယောက်ရောက်နေတာကို မြင်ရတဲ့အခါ အကြီးအကဲဟောင်တို့ဟာ အံ့ဩနေကြတယ်။ဒါပေမဲ့ သူမရဲ့အသွင်အပြင်နဲ့အပြုအမူကြောင့် သူမကို ဝိညာဉ် ဒါမှမဟုတ် သားရဲတကောင်လို့ ဘယ်သူကမှ မထင်မှတ်ခဲ့ပါဘူး။ သူမနဲ့ပတ်သက်လို့ ဆိုးဆိုးရွားရွား ဒါမှမဟုတ် ထူးထူးထူးခြား အကြောင်းခြင်းရာလဲ တခုမှ မရှိခဲ့တာကြောင့် သူမကို လူသားကလေးတယောက်လို့ပဲ ထင်မှတ်ခဲ့ကြတယ်။ ဒီလိုနဲ့ သူမဟာ မြေအောက်ရဲတိုက်မှာ ကောင်းကောင်းမွန်မွန် ရှိနေခဲ့ပါတယ်။
ဟန်ဆန်းက သူမနဲ့အတူ ရှိနေတဲ့အခါတိုင်း တခြားသူတွေက သူ့ကို မေးခွန်းတွေမေးမြန်းကြတယ်။ သူက အဲ့ဒီမေးခွန်းတွေကို တခုမှ မဖြေနိုင်ခဲ့ဘူး။
ဟန်ဆန်းက အကြီးအကဲဟောင်နဲ့ သူ့လူတွေကို ရဲတိုက်ရဲ့အရှေ့ဘက်မှာ နေရာချပေးခဲ့တယ်။ သူတို့ကလဲ ဟန်ဆန်းရှိရာကို အလိုရှိမှ လာကြတဲ့အတွက် ဟန်ဆန်းဟာ အရင်လိုပဲ လွတ်လွတ်လပ်လပ် နေခွင့်ရခဲ့ပါတယ်။
-------- --------- -------- ------- --------
" အင်း... မင်းကို ဘယ်လို ခေါ်ရမလဲ... "ဟန်ဆန်းက ကလေးကို သူ့ရှေ့မှာ ထားရင်း ကိုယ့်ကိုယ်ကိုယ် မေးလိုက်တယ်။
ကလေးငယ်က မြေပြင်ပေါ်မှာ ထိုင်ပြီး ဟန်ဆန်းကို မော့ကြည့်တယ်။ မတ်တတ်ရပ်ရင်း စဉ်းစားနေတဲ့ ဟန်ဆန်းကို မြင်တဲ့အခါ ဘောင်းဘီစနှစ်ဖက်ကို ဆွဲပြီး ဒန်းစီးသလို စီးနေရင်း မကြာခင် မြေပေါ်ပြုတ်ကျကာ အိပ်ပျော်သွားပါတယ်။
ဟန်ဆန်းဟာ အိပ်ပျော်နေတဲ့ ကလေးကို ကြည့်ပြီး အမည်ပေးဖို့ စဉ်းစားလိုက်တယ်။ အရင်က နာမည်တလုံးပေးဖို့ သိပ်မစဉ်းစားခဲ့ရဘူး။ အခုတော့ တော်တော်လေး စဉ်းစားနေရတယ်။
အခု သူနာမည်ပေးရမှာက လူသားမိန်းကလေးတယောက်ပါ။ ဒါကြောင့် ကြုံရာကျပန်း နာမည်ပေးလို့ မဖြစ်ပါ။
YOU ARE READING
နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီး
Adventureနတ်ဘုရားကမ္ဘာမိတ်ဆက် အချိန်ခရီးသွားခေတ်မှာ လူသားတွေဟာ တယ်လီပို့နည်းပညာကို တီတွင်နိုင်ခဲ့တယ်။ ဒါပေမဲ့ တယ်လီပို့နည်းပညာနဲ့ တကယ်တမ်း အချိန်ခရီးသွားခဲ့တဲ့အခါမှာတော့ လူသားတွေဟာ အနာဂတ်ကိုလဲ မရောက်ခဲ့သလို အတိတ်ကိုလဲ မရောက်ခဲ့ပါဘူး။ သူတို့ တကယ်ရောက်ခဲ့တာက အ...