Super God Gene (1576)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- -------
အခန်း (၁၅၇၆)
-------- --------- -------- ------- ------
“ ဖျက်ဆီးဝံပုလွေက လေဟာနယ်အက်ကွဲကြောင်းထဲကနေ လွတ်မြော က်သွားတယ်၊ မင်းက ဒီမှာ ဘာသဲလွန်စရနိုင်မယ်လို့ ထင်နေလဲအယ်လီမွန်းက မျက်မှောင်ကြုတ်ကာ ကြည့်ရင်း ပြောလိုက်တယ်။
“ သဲလွန်စတခုခုတွေ့လိုတွေ့ငြားပေါ့ ''
ဟန်ဆန်းက လမ်းဆက်လျှောက်ရင်း ပြန်ပြောလိုက်တယ်။“ ဒါဆို မင်းကံစမ်းကြည့်လို့ရတယ်၊ ငါတော့ ဘာမှ ရှာတွေ့မယ်လို့ မထင်ဘူး ”
အယ်လီမွန်းက အခြားဦးတည်ရာတခုကို ညွှန်ပြရင်း ပြောကြားခဲ့တယ်။
“ အဲဒီမှာ ဘာမှ ရှာမတွေ့ဘူး၊ ထွတ်မြတ်သွေးရဲတိုက်နဲ့ ကောင်းကင်ပြင်ပရဲတိုက်က အဖွဲ့တွေနောက်ကို တိတ်တိတ်ကလေးလိုက်ကြည့်တာက ဒီမှာ နေပြီး အချိန်ဖြုန်းတာထက် ပိုကောင်းတယ် ”
ကူချင်းချိန်က ပြောလိုက်တယ်။
“ ဒါဆို နှစ်ဖွဲ့ခွဲလိုက်မယ်၊ ခင်ဗျားတို့က သူတို့နောက်ကိုလိုက်ကြည့်၊ ကျနော်က ဒီမှာ ဆက်ကြည့်လိုက်မယ် "
ဟန်ဆန်းက ပြောလိုက်တယ်။ ဒါပေမဲ့ သူ အလျင်မလိုပါဘူး။
ထွတ်မြတ်သွေးရဲတိုက်နဲ့ ကောင်းကင်ပြင်ပရဲတိုက်မှာက အဖွဲ့ဝင်များတာကြောင့် သူတို့နောက်ကို လိုက်ရတာ လွယ်ပါတယ်။ သူတို့နောက်ကို ဘယ်အချိန်လိုက်လိုက် ရပါတယ်။
ဟန်ဆန်းဟာ ကျန်ရှိနေသေးတဲ့ မော်လီကျူ းတွေကို စစ်ဆေးကြည့်ချင်သေးတယ်။ အဲဒါကြောင့် လှည့်ပတ်ကြည့်ရှုဖို့ စိတ်ကူးလိုက်တယ်။ ဖျက်ဆီးဝံပုလွေဟာ ဘယ်လိုသားရဲမျိုးလဲ၊ သူသိချင်ပါတယ်။
“ ကောင်းပြီ၊ လမ်းမှာ အမှတ်အသားတချို့ ချန်ထားခဲ့မယ် "
ကူချင်းချိန်က ပြောပြီးတာနဲ့ အယ်လီမွန်း နောက်ကို လိုက်သွားခဲ့တယ်။ လိုက်မသွားခင် အမှတ်အသားပုံစံအချို့ကို ဟန်ဆန်းကို ပေးခဲ့ပါတယ်။
ရှမိုင်လဲ သူတို့နောက်ကို လိုက်သွားချင်ပေမဲ့ ဟန်ဆန်းက လိုက်မသွားတဲ့အတွက် ဟန်ဆန်းနောက်ကပဲ လိုက်သွားခဲ့ရပါတယ်။
ŞİMDİ OKUDUĞUN
နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီး
Maceraနတ်ဘုရားကမ္ဘာမိတ်ဆက် အချိန်ခရီးသွားခေတ်မှာ လူသားတွေဟာ တယ်လီပို့နည်းပညာကို တီတွင်နိုင်ခဲ့တယ်။ ဒါပေမဲ့ တယ်လီပို့နည်းပညာနဲ့ တကယ်တမ်း အချိန်ခရီးသွားခဲ့တဲ့အခါမှာတော့ လူသားတွေဟာ အနာဂတ်ကိုလဲ မရောက်ခဲ့သလို အတိတ်ကိုလဲ မရောက်ခဲ့ပါဘူး။ သူတို့ တကယ်ရောက်ခဲ့တာက အ...