1086 - 1090

246 22 0
                                    


Super God Gene (1086)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၀၈၆)
-------- --------- -------- ------- --------
" ဒါက တကယ့်တကယ် ဒေါ်လာပဲ..."

စူးရှကွေးရိုက သတိလက်လွှတ် အော်လိုက်မိတယ်။ ဘာတွေဖြစ်ပျက်သွားလဲဆိုတာ သူမသိပေမဲ့ တိုက်ပွဲအခင်းအကျင်းကတော့ ချက်ချင်းပြောင်းလဲသွားပါတယ်။

လေထဲမှာ လွင့်ပျံနေတဲ့ ဒင်္ဂါးပြားတွေဟာ ဒေါသသားရဲတွေပေါ်မှာ ကပ်သွားတယ်။ ဗြုန်းခနဲ ကြည့်လိုက်ရင် ငရုတ်သီးစိမ်းဖတ်တွေ ကပ်နေသလိုပဲ။

ဒင်္ဂါးပြားတွေ ဘာဖြစ်လို့ အဲဒီမှာ ရှိနေတယ်၊ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ ဘယ်သူမှ မသိကြပါဘူး။

ဒါပေမဲ့ နောက်တစက္ကန့်အကြာမှာတော့ အားလုံးဟာ မျက်လုံးပြူးပြီး ပါးစပ်အဟောင်းသားဖြစ်သွားတယ်။ ရဲတိုက် တတိုက်လုံးလဲ တိတ်ဆိတ်ငြိမ်သက်သွားပါတယ်။

'' ဘုံး ''

ဒင်္ဂါးပြားတွေဟာ ဒေါသသားရဲတွေပေါ် ကျရောက်သွားတဲ့အခါ သူတို့ဟာ ကြီးမားတဲ့ အလေးတုံးတတုံးနဲ့ အဖိခံရသလိုမျိုး မြေပြင်ပေါ်ကို လဲကျသွားကြတယ်။

ထွတ်မြတ်သွေးသားရဲတွေတောင် ကြီးမားတဲ့ အလေးဒဏ်ကို မခံနိုင်ဘဲ လဲကျသွားပါတယ်။ သူတို့အားလုံးဟာ ထူးဆန်းတဲ့ ဖိနှိပ်အားအောက်မှာ ပြန်မထနိုင်ဘဲ နာနာကျင်ကျင် အော်ဟစ်နေရပါတယ်။

" ဘာလဲ၊ ဘာတွေဖြစ်ကုန်တာလဲ "

ကျောက်လုံဟာ ဘယ်လိုတွေးရမှန်းတောင် မသိတော့ပါဘူး။ ရုတ်တရက် ပြောင်းလဲသွားတဲ့ အဖြစ်အပျက်တွေက သူ့ကို အံ့အားသင့်စေခဲ့တာကတော့ အမှန်ပါပဲ။

ဖြစ်ပျက်နေတာကို မျက်မြင်တွေ့ခဲ့သူတိုင်းဟာလဲ ကျောက်လုံလိုပဲ ဖြစ်နေတယ်။ သူတို့ဟာ ပြုတ်လဲကျနေတဲ့ သားရဲတွေကို မယုံသလို ကြည့်နေကြပါတယ်။

နောက်ဆုံးမှာတော့ ထွတ်မြတ်သွေးဒေါသသားရဲ,ဆဲလ်ပြောင်းကောင်တကောင်ပဲ မလဲမပြိုဘဲ ကျန်ရစ်ခဲ့ပါတယ်။ သူဟာ သူ့ကို ဖိနှိပ်နေတဲ့ အလေးချိန်ကို ဆန့်ကျင်လျက် ကောင်းကင်ကို မော့ကြည့်ကာ အော်ဟစ်ရုန်းကန်နေပါတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now