1236 - 1240

217 21 0
                                    

Super God Gene (1236)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၂၃၆)
-------- --------- -------- ------- -------
ကြံ့ဖြူ ကြီးရဲ့ ဦးချိုဟာ လင်းလက်တောက်ပနေတယ်။ အဲဒီအလင်းက တကိုယ်လုံးအပေါက်တွေဖြစ်နေတဲ့ တော်ဝင်ဝိညာဉ်ကို လွှမ်းခြုံလျက် ရှိနေတယ်။ ချဲ့ချင်ကလဲ တော်ဝင်ဝိညာဉ်ကို လက်သီးတွေနဲ့ ဆင့်ကာဆင့်ကာ ဖိထိုးနေတယ်။

'' ဘုံး... ဘုံး... ဘုံး... ''

ဒီတကြိမ် ဝိညာဉ်ပြန်ထလာတဲ့အခါ ချဲ့ချင်ရဲ့မျက်နှာကို လက်သီးနဲ့ ထိုးလိုက်တယ်။ ချဲ့ချင်ဟာ နှာခေါင်းသွေးထွက်သွားပါတယ်။ ဒီလိုပြဿ     နာမျိုးတွေနဲ့ကြုံရတာ ချဲ့ချင် တယောက်တည်း မဟုတ်ပါဘူး။ တစ္ဆေမျက်လုံး၊ ဒိုင်နိုဆောလေး၊ အရိုးခြောက်တို့လဲ ပါဝင်ပါတယ်။ 

သစ္စာမဲ့သူရဲကောင်းရဲ့ နေထီးဆောင်းဟာ တခြားသူတွေကို အားနည်းစေနိုင်စွမ်းရှိပေမဲ့ စိန့်ဖန်းဧကရာဇ်ရဲ့ စစ်တပ်ကိုတော့ အားနည်းအောင် မလုပ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ သူတို့က သေမှာလဲ မကြောက်၊ ဒဏ်ရာရမှာလဲ မကြောက်ဘဲ တိုက်ခိုက်နေတာဟာ တိုက်ပွဲမှာ အသာစီးရတယ်လို့ မဆိုလိုပါဘူး။ အချိန်ကြာလာတာနဲ့အမျှ သူတို့လဲ ထိလာတာပါပဲ။

'' ကြံ့ဖြူ ကြီးက အရမ်းကောင်းတယ်၊ ဒီလိုဆိုတော့လဲ စိန့်ဖန်းဧကရာဇ် သူ့ကို တန်ဖိုးထားတာ၊ သော့ကိုးခုကို ပွင့်အောင်ဖွင့်ပေးထားတာ မဆန်းပါဘူး ''

ဟန်ဆန်းက တွေးလိုက်တယ်။ သူက စောင့်ကြိုတိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ကတည်းက စိန့်ဖန်းဧကရာဇ်နဲ့ ကြံ့ဖြူ ကြီးကို ရင်ဆိုင်တိုက်ခိုက်ဖို့အတွက်လဲ ပြင်ဆင်ထားပါတယ်။ သူဟာ အောင်ပွဲရချင်ရင် သူတို့စုံတွဲကို ဖယ်ရှားဖို့ လိုအပ်ပါတယ်။

ဒါပေမဲ့ ဟန်ဆန်း မတိုက်ခိုက်ခင် ချဲ့ချင်ဟာ ငွေရောင်အလင်းတွေလွှမ်းခြုံလျက် ရန်သူ့တပ်ထဲကို အသံကုန်အော်ဟစ်ရင်း တဟုန်ထိုး ပြေးဝင်သွားပါတယ်။ ဟန်ဆန်းဟာ အတော်ဝေးဝေးမှာ ရောက်နေပေမဲ့ ချဲ့ချင်ဆီက ထွက်ပေါ်လာတဲ့ ကြောက်စရာစွမ်းအားကို ခံစားမိပါတယ်။ 

အဲဒီအချိန်မှာ တော်ဝင်ဝိညာဉ်က ပြန်ထလာပြီး ချဲ့ချင်နောက်ကို တရှိန်ထိုး ပြေးလိုက်သွားတယ်။ ချဲ့ချင်က နောက်ပြန်လှည့်ကြည့်ပြီး အော်ဟစ်လိုက်တယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now