Super God Gene (1516)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- -------
အခန်း (၁၅၁၆)
-------- --------- -------- ------- ------
ဟန်ဆန်းက ချပ်ဝတ်တန်ဆာကို လွှတ်မပေးချင်တဲ့အတွက် သူ့ကိုယ်သူ ချပ်ဝတ်တန်ဆာနဲ့အတူ မြေပေါ်လဲကျစေခဲ့တယ်။ မြေပြင်ပေါ်မှာ ချိုင့်ကြီးတခုဖြစ်ပေါ်သွားပြီး ချိုင့်ခွက်ကြီးထဲကနေ ဖုန်မှုန့်တွေဟာ ရေတွေပန်းထွက်သလို ထွက်ပေါ်လာခဲ့တယ်။ဟန်ဆန်းဟာ အံကြိတ်ပြီး ေ သွးအစစ်မျိုးရိုးဗီဇအဆီအနှစ်ကို ဆင့်ခေါ်လိုက်တယ်။သူက ချပ်ဝတ်တန်ဆာကို ေ သွးအစစ်နဲ့ ထိန်းချုပ်လို့ ရမရသိချင်ပါတယ်။
ဟန်ဆန်းဟာ ေ သွးအစစ်နဲ့ ချပ်ဝတ်တန်ဆာကို ထိလိုက်တယ်။ ဒါပေမဲ့ ချပ်ဝတ်တန်ဆာနဲ့ ဆက်သွယ်လို့ မရခဲ့ဘူး။ ေ သွးအစစ်ကို ကြည့်လိုက်တော့ ေ သွးအစစ်ဟာ သဲပုံထဲ ရေတစက်ကျသလို ပျောက်ကွယ်သွားပါတယ်။
တီနာက သူမရဲ့သံမဏိဓ ားကြီးကို ကိုင်လျက် ပြန်လာခဲ့တယ်။ ဟန်ဆန်းဟာ ချပ်ဝတ်တန်ဆာကို စောင့်ရှောက်ရင်း တချိန်တည်းမှာ တီနာနဲ့ မတို က်ခိုက်နိုင်ပါဘူး။ ဒါပေမဲ့ သူမသာ ချပ်ဝတ်တန်ဆာကို ပြန်လည်ရယူနိုင်မယ်ဆိုရင် နောက်တကြိမ်မှာ ဒီထက်ပိုခက်ခဲလိမ့်မယ်လို့ သူသိထားပါတယ်။
ဟန်ဆန်းက တီနာရဲ့ဓ ားချက်ကို ကာကွယ်ဖို့ လက်ကာကို အသုံးပြုခဲ့တယ်။ ပြီးတော့ သူမကို နောက်ပြန်ဆုတ်အောင်လုပ်ဖို့ ထိုက်အိုင်းဓ ားကို သုံးခဲ့တယ်။ သူရည်ရွယ်တာက သူမကို ချပ်ဝတ်တန်ဆာအနား မကပ်နိုင်အောင်လုပ်ထားဖို့ပါပဲ။
'' ကောက်ရိုးပုံစောင့်တဲ့ခွေးလို လုပ်နေလို့ အပိုပဲ၊ နတ်ဘုရားရဲ့လက်နက်က မင်းလိုေ သမျိုးအတွက်မဟုတ်ဘူး ''
သူမက ဟန်ဆန်းကို ဆက်လက်တို က်ခိုက်ရင်း မထီမဲ့မြင် ပြောလိုက်တယ်။
ရှာဖီဟာ သူတို့တိုက်ခိုက်တာကို ကြည့်နေရင်း တုန်လှုပ်ချောက်ချားသွားတယ်။ အဲဒါကြောင့် ရီဒေါင်းမူကို လက်စသ တ်ဖို့ လုပ်နေတာကို ရပ်လိုက်ပြီး တီနာကို ကူညီဖို့ ဟန်ဆန်းဆီကို တဟုန်ထိုး ပြေးသွားခဲ့တယ်။
أنت تقرأ
နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီး
مغامرةနတ်ဘုရားကမ္ဘာမိတ်ဆက် အချိန်ခရီးသွားခေတ်မှာ လူသားတွေဟာ တယ်လီပို့နည်းပညာကို တီတွင်နိုင်ခဲ့တယ်။ ဒါပေမဲ့ တယ်လီပို့နည်းပညာနဲ့ တကယ်တမ်း အချိန်ခရီးသွားခဲ့တဲ့အခါမှာတော့ လူသားတွေဟာ အနာဂတ်ကိုလဲ မရောက်ခဲ့သလို အတိတ်ကိုလဲ မရောက်ခဲ့ပါဘူး။ သူတို့ တကယ်ရောက်ခဲ့တာက အ...