Super God Gene (1206)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၂၀၆)
-------- --------- -------- ------- -------
သားရဲတကောင်မှ ပေါ်မလာတဲ့အတွက် ဟန်ဆန်းဟာ စိတ်သက်သာရာရခဲ့တယ်။ခရမ်းရောင်တောင်ဟာ ဟန်ဆန်းထင်ထားတာထက် ပိုဝေးတယ်။ တောင်ဟာ ဘယ်လောက်ဆက်ကြီးမယ်ဆိုတာ သူ,မသိပါဘူး။ တောင်ဟာ အခုအချိန်အထိ ဆက်ကြီး,ဆက်မြင့်နေတုန်းပါပဲ။
ဟန်ဆန်းဟာ အခု တောင်ခြေကနေ ဆယ်မိုင်အကွာမှာ ရှိနေတယ်။ တောင်ကြီးတလုံးတရိပ်ရိပ်ကြီးထွားမြင့်မတက်လာတဲ့ မြင်ကွင်းက တကယ့်ကို အံ့ဩချောက်ချားဖွယ်ကောင်းတယ်။ တောင်ဟာ ဆက်လက်ကြီးထွားမြင့်တက်နေပြီး ပတ်ဝန်းကျင်တခုလုံးဟာ သုသာန်တစပြင်လို တိတ်ဆိတ်ငြိမ်သက်နေပါတယ်။
တဖြည်းဖြည်းနဲ့ တောင်ကို ရှင်းရှင်းလင်းလင်း မြင်လာရတယ်။ တောင်စောင်းတွေကိုပါ မြင်ရပါတယ်။ ဒါပေမဲ့ အစောပိုင်းက သူမြင်ခဲ့တဲ့ ခရမ်းရောင်အလင်းတွေဟာ တဖြည်းဖြည်း ကြီးထွားလာနေတဲ့ မြေသားထုကို ရစ်သိုင်းခြုံထားတဲ့ တိမ်တွေရဲ့ ရောင်ပြန်ဟပ်အလင်းရောင်တွေဖြစ်နေတယ်။ ခရမ်းရောင်တွေက တောင်ထိပ်ကို မြူ တွေလို ဖုံးလွှမ်းထားပါတယ်။
တောင်ဟာ တကယ်တော့ ခရမ်းရောင်မဟုတ်ဘူး။ အနက်ရောင်နဲ့အစိမ်းရောင်နှစ်ရောင်စပ်ပါ။
ဟန်ဆန်းက လမ်းမသိတာကြောင့် သားရဲတွေနောက်ကနေလိုက်ခဲ့ရင်း ထူးဆန်းတဲ့ တစုံတရာကို သတိထားမိခဲ့တယ်။
ပျံသန်းနိုင်တဲ့ သားရဲတွေဟာ တောင်ပေါ်မတက်ဘဲ တောင်စောင်းတွေနဲ့ ပေခြောက်ရာအကွာမှာ နားနေကြတယ်။ အဲဒီလိုနားနေကြတာ သူတို့လောက်ပဲ မဟုတ်ပါဘူး။ ခြေကျင်လျှောက်လာကြတဲ့ သားရဲတွေလဲ တောင်စောင်းတွေနဲ့ မနီးမဝေးမှာ ရပ်နားနေကြပါတယ်။ သူတို့ဟာ ပွဲကြည့်ဖို့ စောင့်နေတဲ့ ပရိသတ်တွေလိုမျိုး စုဝေးစောင့်ဆိုင်းနေကြပါတယ်။
တောင်ကြီးဟာ အရှိန်မပျက် ဆက်လက်ကြီးထွားနေတယ်။ ဒီကြီးထွားမှုဟာ ဟန်ဆန်းအတွက် လျှို့ဝှက်ချက်တခုပါပဲ။
ŞİMDİ OKUDUĞUN
နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီး
Maceraနတ်ဘုရားကမ္ဘာမိတ်ဆက် အချိန်ခရီးသွားခေတ်မှာ လူသားတွေဟာ တယ်လီပို့နည်းပညာကို တီတွင်နိုင်ခဲ့တယ်။ ဒါပေမဲ့ တယ်လီပို့နည်းပညာနဲ့ တကယ်တမ်း အချိန်ခရီးသွားခဲ့တဲ့အခါမှာတော့ လူသားတွေဟာ အနာဂတ်ကိုလဲ မရောက်ခဲ့သလို အတိတ်ကိုလဲ မရောက်ခဲ့ပါဘူး။ သူတို့ တကယ်ရောက်ခဲ့တာက အ...