Super God Gene (1201)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၂၀၁)
-------- --------- -------- ------- -------
မရေမတွက်နိုင်တဲ့ ကြယ်အဆင့်ခြူ ရာအာကာသယာဉ်တွေဟာ တစီးပြီးတစီး ပေါက်ကွဲနေတယ်။ သူတို့ကို ကြည့်ရတာ ရောင်စုံအလင်းတန်းတွေ ကောင်းကင်ယံမှာ ဖြာထွက်နေသလိုပဲ။ မီးတောက်တွေဟာ စက္ကန့်ပိုင်းအတွင်းမှာပဲ တောမီးလို အာကာသထဲမှာ ပျံ့နှံ့သွားပါတယ်။အဆင့်နိမ့်အာကာသယာဉ်တွေကတော့ မျက်တောင်တခတ်၊ လျှပ်တပြက်အတွင်း ချက်ချင်း ပေါက်ကွဲသွားကြတယ်။ ခြူ ရာတွေရဲ့ အာကာသယာဉ်စုကြီးတခုလုံးဟာ မီးရှူ းမီးပန်းတွေလို တလက်လက်လင်းကာ ဖောက်ခွဲခံနေရတယ်။
အာကာသယာဉ်တွေပေါက်ကွဲသွားတဲ့အခါ ကြယ်တွေပေါက်ကွဲသလိုမျိုး စူးရှတဲ့ အလင်းတွေ ထုတ်လွှတ်ခဲ့တယ်။ အဲဒီလိုပေါက်ကွဲတဲ့ မြင်ကွင်းတွေကို ပြတင်းပေါက်မှန်ကနေ ရှင်းရှင်းလင်းလင်း မြင်ရပါတယ်။ တကယ်လို့ ပြတင်းပေါက်မှန်မှာ အလင်းစစ်ထုတ်စနစ်မပါခဲ့ရင် အရမ်းတောက်ပတဲ့ အလင်းရောင်တွေကြောင့် အားလုံးဟာ သေချာပေါက် မျက်စိကွယ်သွားလိမ့်မယ်။
ပြတင်းပေါက်မှန်က အလင်းကို စစ်ထုတ်နိုင်ပေမဲ့ နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ ထိတ်လန့်ဖွယ်လှိုင်းတွေကိုတော့ မစစ်ထုတ်နိုင်ပါဘူး။ အဲဒီလှိုင်းတွေက အာကာသယာဉ်ကို လာလာဆောင့်နေတယ်။ အဲဒါကြောင့် အာကာသယာဉ်ဟာ သွက်သွက်ခါနေတယ်။ လူတွေအားလုံးဟာလဲ ထိတ်လန့်တုန်လှုပ်နေပါတယ်။
ကံကောင်းတာက သူတို့အာကာသယာဉ်ဟာ ထိတ်လန့်ဖွယ်လှိုင်းတွေရဲ့ သက်ရောက်အကွာအဝေးရဲ့ အလွန်မှာ ရောက်နေခဲ့တယ်။ အဲဒါကြောင့် ဘာအပျက်အစီး၊ ဘာအထိအခိုက်မှ မရှိခဲ့ဘူး။
လူတယောက်စီဟာ ဖင်ထိုင်ကျသွားပြီး အနည်းငယ် နာကျင်သွားကြတယ်။ အဲဒါက သူတို့ခံစားခဲ့ရတဲ့ အဆုံးစွန်အခြေအနေပါပဲ။ ခဏကြာတော့ အာကာသယာဉ်ဟာ ငြိမ်သက်သွားတယ်။ သူတို့အားလုံးဟာ အပြင်ဘက်ကို ပြန်ကြည့်လိုက်ကြတယ်။ ခြူ ရာတွေရဲ့ အာကာသယာဉ်တွေ တစီးတောင် မရှိတော့ပါဘူး။ အဲဒီမှာ အပျက်အစီးတွေချည်းပဲ ကျန်ရစ်ခဲ့တယ်။ နောင်အခါမှာတော့ ဒီနေရာဟာ ခြူ ရာအာကာသယာဉ်တွေရဲ့ သင်္ချိုင်းတခုအဖြစ် ကျန်ရစ်ခဲ့မှာပါ။
ESTÁS LEYENDO
နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီး
Aventuraနတ်ဘုရားကမ္ဘာမိတ်ဆက် အချိန်ခရီးသွားခေတ်မှာ လူသားတွေဟာ တယ်လီပို့နည်းပညာကို တီတွင်နိုင်ခဲ့တယ်။ ဒါပေမဲ့ တယ်လီပို့နည်းပညာနဲ့ တကယ်တမ်း အချိန်ခရီးသွားခဲ့တဲ့အခါမှာတော့ လူသားတွေဟာ အနာဂတ်ကိုလဲ မရောက်ခဲ့သလို အတိတ်ကိုလဲ မရောက်ခဲ့ပါဘူး။ သူတို့ တကယ်ရောက်ခဲ့တာက အ...