Super God Gene (1736)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- ------
အခန်း (၁၇၃၆)
-------- --------- -------- ------- ------
အားလုံးဟာ ထိတ်လန့်တုန်လှုပ်နေကြတယ်။ သူတို့ဟာ ဇီနိုဂျင်းနစ်တွေရဲ့မျိုးရိုးဗီဇတွေနဲ့ ပေါင်းစပ်ခဲ့တဲ့ အရာရှိကိုတောင် မရှုံးရုံတမယ် ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရတယ်။ အခု သူတို့ဟာ ပြင်ပကမ္ဘာက ရောက်လာတဲ့ ဇီနိုဂျင်းနစ်အစစ်ကို ရင်ဆိုင်ရတော့မယ်။ဟန်ဆန်းလဲ တွေဝေနေတယ်။ အခုရောက်လာတဲ့ ဇီနိုဂျင်းနစ်သားရဲဟာ သူရင်ဆိုင်ခဲ့ဖူးတဲ့ အဆင့်နိမ့်ဇီနိုဂျင်းနစ်တွေမဟုတ်ပါဘူး။
နတ်ဘုရားဂိတ်တံခါးဝဟာ တိတ်ဆိတ်ကြီးမားစကြာဝဠာနဲ့ ဆက်သွယ်ထားပြီး အဲဒီစကြာဝဠာဟာ အဆင့်မြင့်ဇီနိုဂျင်းနစ်တွေသာမက အဆင့်နိမ့်ဇီနိုဂျင်းနစ်တွေနဲ့ အလယ်အလတ်ဇီနိုဂျင်းနစ်တွေပါ ရောနှောနေထိုင်တဲ့ နေရာတခုဖြစ်ပါတယ်။ အခုရောက်လာတဲ့ ဇီနိုဂျင်းနစ်ဟာ 'ဘာရွန်၊ ဗိုက်ကောင့်၊ အယ်၊ မားကွစ်၊ ဒုခ်'ဆိုတဲ့ အဆင့်ငါးဆင့်ထဲမှာ အဆင့်အမြင့်ဆုံး 'ဒုခ်' ဖြစ်ပုံရပါတယ်။ ဒုခ်ဆိုရင်တော့ မဟာမိတ်ဟာ ကြီးမားတဲ့ဘေးအန္တရာယ်နဲ့ ကြုံတွေ့ရမှာ ကျိန်းသေပါတယ်။
ဇီနိုဂျင်းနစ်တွေဟာ မဟာမိတ်ကို လာရောက်ရင် သူတို့ဟာ မဟာမိတ်ရဲ့လုံခြုံရေးစနစ်ကို ဖြတ်ကျော်ရပါမယ်။ သူတို့ဟာ အားနည်းရင် လုံခြုံရေး စနစ်ကို ဖြတ်ကျော်နိုင်မှာ မဟုတ်ပါဘူး။
ဇီနိုဂျင်းနစ်က တွင်းနက်ထဲက ထွက်လာတာနဲ့တပြိုင်နက် အော်ဟစ်မာန်ဖီတော့မလိုမျိုး ပါးစပ်ကို အကျယ်ကြီးဟလိုက်တယ်။ ဒါပေမဲ့ အသံထွက်မလာဘဲ အဲဒီအစား ပါးစပ်ထဲမှာ ကြောက်စရာကောင်းတဲ့ စွမ်းအားတွေ စုပုံလာခဲ့ပါတယ်။ အခု သူဟာ မဟာမိတ်ကို မီးတင်ရှို့ဖို့ အသင့်ဖြစ်နေပါပြီ။
သားရဲရဲ့ပတ်ပတ်လည်မှာ အနက်ရောင်အလင်းလွာတခုပေါ်လာပြီး အလင်းလွာဟာ ပါးရာကနေ တဖြည်းဖြည်း ထူလာပါတယ်။ အလင်းလွာဟာ အနက်ရောင်စုပ်ဝဲတခုကို ဖန်တီးပြီး မီးမုန်တိုင်းတခုကို အစပျိုးဖြစ်ပေါ်စေခဲ့ပါတယ်။
YOU ARE READING
နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီး
Adventureနတ်ဘုရားကမ္ဘာမိတ်ဆက် အချိန်ခရီးသွားခေတ်မှာ လူသားတွေဟာ တယ်လီပို့နည်းပညာကို တီတွင်နိုင်ခဲ့တယ်။ ဒါပေမဲ့ တယ်လီပို့နည်းပညာနဲ့ တကယ်တမ်း အချိန်ခရီးသွားခဲ့တဲ့အခါမှာတော့ လူသားတွေဟာ အနာဂတ်ကိုလဲ မရောက်ခဲ့သလို အတိတ်ကိုလဲ မရောက်ခဲ့ပါဘူး။ သူတို့ တကယ်ရောက်ခဲ့တာက အ...