Super God Gene (1441)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- -------
အခန်း (၁၄၄၁)
-------- --------- -------- ------- -------
" နင့်ရဲ့ တို-က်ခို-က်ရေးစွမ်းအားက တိုးလာပြီလား "လင်းမေက ဟန်ဆန်းကို နှိပ်ပေးရင်း မေးလိုက်တယ်။
" အိုး... တိုးလာတာပေါ့... ဆက်လုပ်... ဆက်လုပ်... ''
ဟန်ဆန်းက လေမွေ့ရာပေါ်မှာ သ-က်သောင့်သ-က်သာ လဲလျောင်းရင်း ပြန်ဖြေလိုက်တယ်။
အနားမှာ ထိုင်နေတဲ့ ပေ့အာကလဲ ''ကြီးမြတ်တဲ့ ရဲတိုက်သခင်မရှင့်... သမီးလဲ စွမ်းအားတွေ တိုးချင်ပါတယ်''လို့ ပြောလိုက်တယ်။
အဲဒီနောက် လင်းမေက ပေ့အာကို ပြောင်းနှိပ်ပေးလိုက်ပါတယ်။
ဟန်ဆန်းက ထထိုင်ပြီး လင်းမေကို မေးလိုက်တယ်။
" ဝိညာဉ်ဆယ့်သုံးရဲ့ရဲတိုက် ဘယ်မှာလဲ၊ နင်သိလား "
'' သိတယ်၊ ဘာလုပ်မလို့လဲ ''
လင်းမေက ပေ့အာကို နှိပ်ပေးရင်း ပြန်မေးလိုက်တယ်။
"အမှောင်ဝိညာဉ်ရဲ့ စည်းမျဉ်းတွေအရ တခြားသူတွေရဲ့ ရဲတိုက်တွေကို ဖြိုချဖို့ ခွင့်ပြုထားတယ်မလား "
ဟန်ဆန်းက မေးလိုက်တယ်။
" ဝိညာဉ်ဆယ့်သုံးရဲ့ရဲတိုက်ကို သိ-မ်းပိုက်ဖို့ စိတ်ကူးနေတာလား၊ ကိုယ့်မျိုးနွယ်ထဲက တယောက်ယောက်ပိုင်တဲ့ ရဲတိုက်ကို သိ-မ်းပိုက်လို့ မရဘူး၊ အခြားမျိုးနွယ်တွေရဲ့ရဲတိုက်တွေကိုပဲ သိ-မ်းပိုက်လို့ ရတယ် "
လင်းမေက ခေါင်းခါပြီး ပြန်ဖြေလိုက်တယ်။
ဟန်ဆန်းဟာ လက်စားချေရမှ ကျေနပ်တယ်။ လင်းမေက အစဉ်အလာအယူအဆကို မဖယ်ရှားနိုင်ဘူး။ အဲဒါကြောင့် ဒီတကြိမ်မှာတော့ တိတ်တိတ်ဆိတ်ဆိတ် လှုပ်ရှားရမယ်လို့ ဟန်ဆန်းတွေးလိုက်ပါတယ်။
" ဒီကိစ္စကို နည်းနည်းပိုစဉ်းစားဖို့ လိုတယ် "
ဟန်ဆန်းဟာ ဝိညာဉ်ဆယ့်သုံးကို တို-က်ခို-က်နိုင်မဲ့နည်းလမ်းတခုကို စဉ်းစားနေခဲ့တယ်။
ဟန်ဆန်းဟာ လင်းမေရဲ့ မျိုးရိုးဗီဇအဆီအနှစ်ကို ကျောက်မျက်ရတနာအဆင့်ကို မြှင့်တင်ပေးချင်တယ်။ အဲဒီလို မြှင့်တင်နိုင်မှ သူမဟာ အမှောင်ရဲတိုက်ကို ပြန်လို့ ရမယ်။ သူမပြန်မှ သူတို့ဟာ တော်ဝင်စပျစ်နွယ်ပင်နဲ့ တော်ဝင်စပျစ်သီးကို ကောင်းကောင်းကြည့်ခွင့်ရလိမ့်မယ်။
KAMU SEDANG MEMBACA
နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီး
Pertualanganနတ်ဘုရားကမ္ဘာမိတ်ဆက် အချိန်ခရီးသွားခေတ်မှာ လူသားတွေဟာ တယ်လီပို့နည်းပညာကို တီတွင်နိုင်ခဲ့တယ်။ ဒါပေမဲ့ တယ်လီပို့နည်းပညာနဲ့ တကယ်တမ်း အချိန်ခရီးသွားခဲ့တဲ့အခါမှာတော့ လူသားတွေဟာ အနာဂတ်ကိုလဲ မရောက်ခဲ့သလို အတိတ်ကိုလဲ မရောက်ခဲ့ပါဘူး။ သူတို့ တကယ်ရောက်ခဲ့တာက အ...