1456 - 1460

224 26 0
                                    

Super God Gene (1456)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- -------
အခန်း (၁၄၅၆)
-------- --------- -------- ------- -------
'' ဒေါင် ''

'' ဒေါင် ''

'' ဒေါင် ''

သတ္တုချင်းထိသံတွေ ထွက်ပေါ်လာတယ်။ ကတ်ကြေးနဲ့ခေါင်းလောင်းထိရာက ထွက်ပေါ်လာတဲ့ အသံတွေဖြစ်ပါတယ်။ ဒါပေမဲ့ ကတ်ကြေးဟာ ခေါင်းလောင်းကို နှစ်ပို-င်း,မပို-င်းနိုင်ခဲ့ဘူး။ ကြေးနီခေါင်းလောင်းကြောင့် မြွေလိပ်ဟာ အသားကို ဆက်မစားနိုင်တော့ဘူး။

မိကျောင်းနဲ့လိပ်မြွေတို့ တို-က်ခို-က်နေချိန်မှာ ကျန်သားရဲတွေဟာ အသားစားဖို့ အခွင့်အရေးရရှိသွားပါတယ်။

အခြေအနေဟာ ပရမ်းပတာ ဖြစ်နေတယ်။ ရှုပ်ထွေးနေတယ်။

ဟန်ဆန်းဟာ အဲဒီအခြေအနေကို အခွင့်ကောင်းယူပြီး ဂူထဲကနေ ပြေ-းထွက်ခဲ့တယ်။

အဲဒီအချိန်မှာ ဓ-ားတလက်ဟာ လေထဲမှာ ပျံသန်းရင်း လေထုကို ထိုးခွဲသွားခဲ့တယ်။ အဲဒီနောက် အတောင်ပံတွေနဲ့ အမွေးတွေဟာ ကောင်းကင်ကို ပိတ်ဆို့သွားခဲ့တယ်။ ပျံသန်းနေတဲ့ သားရဲတွေအတော်များများဟာ ေ-သဆုံးသွားခဲ့ပါတယ်။

အဲဒါကို မြင်တဲ့အခါ လိပ်မြွေနဲ့မိကျောင်းတို့ဟာ တို-က်ခို-က်နေတာကို ရပ်တန့်ပြီး တကောင်တလမ်းစီ ထွက်ပြေးသွားကြတယ်။ အခု သူတို့ဟာ အသားတွေကို စိတ်မဝင်စားတော့ဘူး။

'' ဒီလိုထွက်ပြေးတော့ လွတ်ရောလား ''

အမျိုးသမီးက အေးစက်စက်အသံနဲ့ ပြောလိုက်တယ်။

ဓားဟာ မိကျောင်းဆီကို မျက်စိပါတဲ့အလား ရောက်ရှိလာတယ်။

မိကျောင်းဟာ ဓ-ားကို ကတ်ကြေးနဲ့ ကာလိုက်ပေမဲ့ ကတ်ကြေးရဲ့အမြန်နှုန်းက ဓ-ားရဲ့အမြန်နှုန်းကို မမီခဲ့ဘူး။ 

အဲဒီနောက် ငယ်သံပါအောင် အော်လိုက်တဲ့အသံတသံကို  ပဲ့တင်သံအနေနဲ့ပါ ကြားလိုက်ရတယ်။

ကြည့်လိုက်တဲ့အခါ သက်မဲ့ခန္ဓာကိုယ်တခု ပြုတ်ကျလာတာကို မြင်ရတယ်။ ဓ-ားက မိကျောင်းရဲ့ခေါ-င်းကို ဖြ-တ်သွ-ာ-းခဲ့ပါတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးOù les histoires vivent. Découvrez maintenant