1241 - 1245

229 26 0
                                    


Super God Gene (1241)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၂၄၁)
-------- --------- -------- ------- -------
ဟန်ဆန်းက စိန့်ဖန်းဧကရာဇ်ကို လိမ်ညာပြောဆိုနေတာ မဟုတ်ပါဘူး။ သူ့ခန္ဓာကိုယ်မှာ တကယ်ပဲ ပြဿ     နာတခုဖြစ်ပွားနေပါတယ်။

စိန့်ဖန်းဧကရာဇ်ရဲ့ခန္ဓာကိုယ်ပေါ်မှာ ပြည်တည်နာတွေ ဟိုနေရာနည်းနည်း ဒီနေရာနည်းနည်း ပေါ်ပေါက်လာတယ်။ အနာထဲက ပြည်ပုပ်တွေက ထမင်းအိုးဆူသလို တပွက်ပွက်ဆူလာပြီး သူ့ခန္ဓာကိုယ်အနှံ့မှာ ဗွက်အိုင်တွေပေါ်လာတယ်။

အချိန်ကြာလာတာနဲ့အမျှ စိန့်ဖန်းဧကရာဇ်ရဲ့ခန္ဓာကိုယ်ပေါ်မှာ ပြည်တည်နာတွေဟာ များသထက်များလာတယ်။ အနာရှိန်ကြောင့် စိန့်ဖန်းဧကရာဇ်ဟာလဲ တွန့်လိမ်လာပါတယ်။ 

" မဖြစ်နိုင်ဘူး... လုံးဝမဖြစ်နိုင်ဘူး... ငါ့ခန္ဓာကိုယ်ကို ငါကုနိုင်တယ်... ''

စိန့်ဖန်းဧကရာဇ်က ပါးစပ်တွေအများကြီးနဲ့ စကားပြောလိုက်တယ်။ 

ဘယ်အချိန်ကစပြီး ဒီလိုဖြစ်နေတယ်ဆိုတာကို သူ,မသိလိုက်ဘူး။ အခု သူသိလိုက်တဲ့ အချိန်မှာတော့ ပြည်တည်နာတွေက မယုံနိုင်စရာအမြန်နှုန်းနဲ့ တိုးပွားနေပါတယ်။ ဟန်ဆန်ကသာ သူ့ကို ညွှန်မပြခဲ့ရင် ဒီအနာတွေကို သူသတိပြုမိမှာ မဟုတ်ပါဘူး။ 

ပြည်တည်နာတွေဟာ ပိုလို့ ပိုလို့ ကြီးမားလာတယ်။ ပိုလို့ ပိုလို့ များပြားလာတယ်။ သူတို့ဟာ စပျစ်သီးခိုင်တွေနဲ့တောင် တူလာသလိုပဲ။ ဒီလိုနဲ့ ပြည်တည်နာတွေဟာ ပြည်တွေပေါက်ကျပြီး ချိုင့်ခွက်တွေ ဖြစ်ကျန်ခဲ့တယ်။ ပြည်တည်နာထဲကနေ ပြည်ပုပ်တွေပေါက်ထွက်ကျသွားတာဖြစ်ပေမဲ့ စိန့်ဖန်းဧကရာဇ်အတွက်တော့ အဲဒါဟာ ဖြေရှင်းရမဲ့ပြဿ     နာတခုပါပဲ။

စိန့်ဖန်းဧကရာဇ်ရဲ့ခန္ဓာကိုယ်ဟာ အပေါက်တွေနဲ့ တဖြည်းဖြည်းပြည့်လာပြီး အမြုပ်တွေလဲ တစီစီထလာပါတယ်။

" ဘာတွေ ဘယ်လို ဖြစ်နေတာလဲ၊ ကြံ့ဖြူ လေး... ငါ့ကို ကုပေးအုံး ''

စိန့်ဖန်းဧကရာဇ်က အမိန့်ပေးလိုက်တယ်။

ကြံ့ဖြူ ကြီးဟာ စိန့်ဖန်းဧကရာဇ်ကို သန့်ရှင်းတဲ့အလင်းရောင်နဲ့ ကုသပေးလိုက်တယ်။ ဒါပေမဲ့ ပြည်တည်နာတွေကို ပျောက်ကင်းအောင် မကုသနိုင်ခဲ့ဘူး။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးNơi câu chuyện tồn tại. Hãy khám phá bây giờ