991 - 995

260 23 1
                                    

Super God Gene (991)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၉၉၁)
-------- --------- -------- ------- --------
ဟန်ဆန်းဟာ ကြမ်းပြင်ပေါ်ကို ကျောက်စိမ်းလက်စွပ်တကွင်း ပြုတ်ကျသွားတာကို တွေ့လိုက်ရတယ်။ အစက လက်စွပ်ကို လက်မှာ စွပ်ထားပေမဲ့ ခန္ဓာကိုယ်ခြောက်သွေ့သွားလို့ လက်စွပ်က ကျွတ်ထွက်သွားတာ ဖြစ်ပါတယ်။

ဟန်ဆန်းဟာ လက်ဝတ်ရတနာတွေကို စိတ်မဝင်စားပေမဲ့ ထူးထူးခြားခြား ပေါ်ထွက်လာတဲ့ လက်စွပ်မို့ တစုံတရာ ထူးခြားမှု ရှိမရှိ အာရုံခံကြည့်ခဲ့တယ်။ ပြီးနောက် လျစ်လျူ ရှုလိုက်တယ်။ ပုံမှန်အခြေအနေမှာဆိုရင် ဟန်ဆန်းဟာ လက်စွပ်ကို စိတ်ဝင်စားမှာ မဟုတ်ပါဘူး။

မိုးမန့်ဘုရင်မဟာ လက်စွပ်ကို မြင်တော့ အံ့သြသွားတယ်။ ဒါပေမဲ့ သူမက မအံ့ဩသလို အလျင်အမြန် ဟန်ဆောင်လိုက်တယ်။

ဟန်ဆန်းက လက်စွပ်ကို မသိပေမဲ့ မိုးမန့်ဘုရင်မကတော့ သိပါတယ်။

နဂါးသွေးလက်စွပ်ဟာ အလွန်ထင်ရှားကျော်ကြားတဲ့ လက်ဝတ်လက်စားတခုပါ။

သူမ တတိယနတ်ဘုရားကမ္ဘာမှာ ပထမဆုံးအကြိမ်ရှိခဲ့တုန်းက နဂါးဘုရင်ဟာ အလွန်ကျော်ကြားတယ်။ သူ့မှာ လက်ဝတ်ရတနာ အစုံအလင် ရှိတယ်။ ဒါပေမဲ့ လက်ဝတ်ရတနာတွေထဲမှာ သူအမြတ်နိုးဆုံးကတော့ ဒီလက်စွပ်ပါပဲ။ သူ့ဟာ လက်စွပ်မပါဘဲ ဘယ်တော့မှ အပြင်မထွက်ပါဘူး။ နဂါးဘုရင်ဟာ အသက်ရှိစဉ်တုန်းက နဂါးသွေးလက်စွပ်ကို မျက်စိအောက်က အပျောက်မခံခဲ့ဘူး။

နဂါးဘုရင်က လက်စွပ်ကို စူပါသားရဲဦးချိုနဲ့ ပေါင်းစပ်ဖန်တီးခဲ့ပြီး လက်စွပ်ကို နှစ်ပေါင်းများစွာ သူ့သွေးကို တိုက်ကျွေးခဲ့တယ်လို့ လူတွေက ပြောကြတယ်။

လက်စွပ်ကို အတော်တော်များများ မြင်ဖူးကြပေမဲ့ အနည်းစုကသာ လက်စွပ်အကြောင်းကို သိကြပါတယ်။

နဂါးဘုရင် လက်စွပ်ကို ချွတ်တဲ့ တခုတည်းသော အချိန်က လူသားတယောက်နဲ့ တိုက်ခိုက်တဲ့ အချိန်ပါပဲ။ လက်စွပ်ကို ချွတ်ထားတဲ့အချိန်မှာ သူ့မိန်းမတွေကိုတောင် ထိခွင့်မပေးခဲ့ဘူး။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးDonde viven las historias. Descúbrelo ahora