Super God Gene (1141)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၁၄၁)
-------- --------- -------- ------- -------
မျက်လုံးကျယ်မွန်းစတားက မယုံနိုင်လောက်အောင် မာနကြီးတဲ့ပုံပေါ်ပေမဲ့ ရွှေငှက်ကြီးကို မြင်လိုက်တဲ့အခါ သူ့ခန္ဓာကိုယ်ပေါ်က မီးတောက်တွေဟာ ရုတ်တရက် ငြိမ်းသွားပြီး ပြန်ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်။ဒါပေမဲ့ ရွှေငှက်က သူ့ကို ထွက်ပြေးခွင့်မပေးဘဲ အတောင်ပံတွေကို တဖျတ်ဖျတ်ခတ်ကာ သူ့နောက်ကို အလျင်အမြန် လိုက်သွားပါတယ်။ မျက်လုံးကျယ်မွန်းစတားရဲ့ ခန္ဓာကိုယ်ဟာ ရုတ်တရက် တောက်ပလာပြီး ရွှေရောင်အဆိပ်ငွေ့တွေ ထွက်ပေါ်လာခဲ့တယ်။
ရွှေငှက်ဟာလဲ ရွှေရောင်တွေတောက်ပလာပြီး ရွှေရောင်အဆိပ်ငွေ့တွေကို လက်သည်းတွေနဲ့ ကုတ်ဆွဲလိုက်တယ်။ ရွှေရောင်အဆိပ်ငွေ့တွေဟာ နှစ်ခြမ်းကွဲသွားတယ်။ မကြာခင် မျက်လုံးကျယ်မွန်းစတားဟာလဲ နှစ်ခြမ်းကွဲသွားပါတယ်။
ဟန်ဆန်းနဲ့ ဘုရင်မဟာ အဲဒီမြင်ကွင်းကြောင့် ထိတ်လန့်သွားပါတယ်။ စူပါသားရဲတွေကို တိုက်ခိုက်နိုင်တဲ့ ဂီတသံစဉ်ကို မတုန်လှုပ်ဘဲ မနေနိုင်ကြဘူး။ သူတို့ကို အံ့အားသင့်စေခဲ့တာကတော့ စူပါသားရဲကို တချက်တည်းနဲ့ နှစ်ပိုင်းဖြတ်နိုင်တာကိုပါ။
မျက်လုံးကျယ်မွန်းစတားရဲ့ ရွှေရောင်အဆိပ်ငွေ့တွေက လေထဲမှာ ရစ်ဆိုင်းနေတုန်းပဲ။ အရောင်က ရွှေရောင်ဖြစ်ပေမဲ့ အနံ့ကတော့ အော်ဂလီဆန်ချင်စရာကောင်းတယ်။ ရှူ မိတဲ့ သားရဲတွေ အကုန်လုံး သေကုန်ကြပါတယ်။
အမျိုးသမီးက လက်တဖက်ကို အသာအယာ ဝှေ့ယမ်းလိုက်တယ်။ အလွန်အနံ့ဆိုးတဲ့ ရွှေရောင်အဆိပ်ငွေ့တွေဟာ လေနဲ့အတူ ပါသွားခဲ့တယ်။ သစ်ပင်ရဲ့ မွှေးရနံ့ဟာ ပိုမိုအားကောင်းလာပြီး တသုန်သုန်တိုက်ခိုက်နေတဲ့ လေကလဲ မျက်လုံးကျယ်မွန်းစတားရဲ့ အနံ့ဆိုးတွေကို ဖယ်ရှားပေးလိုက်ပါတယ်။
မျက်လုံးကျယ်မွန်းစတားဖြစ်သွားတာကို မြင်လိုက်ရလို့ အနီးအနားက တခြားသားရဲတွေဟာ သစ်ပင်ပေါ်က မိန်းမကို သွားမစရဲတော့ဘူး။
YOU ARE READING
နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီး
Adventureနတ်ဘုရားကမ္ဘာမိတ်ဆက် အချိန်ခရီးသွားခေတ်မှာ လူသားတွေဟာ တယ်လီပို့နည်းပညာကို တီတွင်နိုင်ခဲ့တယ်။ ဒါပေမဲ့ တယ်လီပို့နည်းပညာနဲ့ တကယ်တမ်း အချိန်ခရီးသွားခဲ့တဲ့အခါမှာတော့ လူသားတွေဟာ အနာဂတ်ကိုလဲ မရောက်ခဲ့သလို အတိတ်ကိုလဲ မရောက်ခဲ့ပါဘူး။ သူတို့ တကယ်ရောက်ခဲ့တာက အ...