1356 - 1360

242 20 0
                                    


Super God Gene (1356)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၃၅၆)
-------- --------- -------- ------- -------
ဟန်ဆန်းနဲ့ စားဖိုမှူ းနဂါးမယ်တို့က စားပွဲကို သံသယနဲ့ ကြည့်ရှုနေတုန်း သိုးက နဂါးမယ်နောက်မှာ အမြန်ဝင်ပုန်းလိုက်တယ်။

လှမ်းကြည့်လိုက်တော့ ထိပ်ဆုံးက ထိုင်ခုံအနီးမှာ အနက်ရောင်ဝတ်စုံဝတ်ထားပြီး လည်စည်း,စည်းထားတဲ့ လူတယောက်ရပ်နေတာကို တွေ့ရတယ်။

သူ့ပုံစံက ထူးဆန်းတယ်။ ဖယောင်းမီးရဲ့ မှိန်ပျပျအလင်းရောင်အောက်မှာ သူ့မျက်နှာကို ထင်ထင်ရှားရှားမြင်ရတယ်။ သူ့မျက်နှာက သစ်သားရုပ်သေးရုပ်ရဲ့ မျက်နှာနဲ့တူပြီး သူ့နှာခေါင်းက သဘာဝမကျစွာနဲ့ ချွန်ထက်နေတယ်။ အနက်ရောင်ဝတ်စုံက သပ်ရပ်သန့်ရှင်းပြီး တော်ဝင်ဘဏ္ဍာစိုးတချို့ရဲ့ ဝတ်စားဆင်ယင်ပုံနဲ့တူပါတယ်။

" ညစာရဲတိုက်က ကြိုဆိုပါတယ်၊ အခု သင်တို့အတွက် ညစာအသင့်ဖြစ်နေပါပြီ၊ ကျေးဇူးပြု ပြီး ထိုင်ခုံမှာ ထိုင်ကြပါ "

ရုတ်တရက် ရုပ်သေးရုပ်က ဦးညွှတ်ပြီး စကားပြောလိုက်တယ်။

သူတို့သုံးယောက်ဟာ အံ့အားသင့်သွားကြတယ်။ သစ်သားမျက်နှာကြောင့် ရုပ်သေးရုပ်ရဲ့စိတ်လှုပ်ရှားမှုကို မမြင်ရပါဘူး။

သိုးက ယုံကြည်မှုအပြည့်နဲ့ ရှေ့တက်သွားပြီး ပြောလိုက်တယ်။

'' ခဏနေပါအုံး၊ ခင်ဗျားက ဒီရဲတိုက်ရဲ့ကြေးညိုရောင်မျိုးရိုးဗီဇအဆီအနှစ်လား၊ ခင်ဗျားပြင်ဆင်ထားတဲ့ အစားအစာမှာ အဆိပ်ပါတယ်လို့ ကျုပ်ထင်တယ်၊ ခင်ဗျားက ကျုပ်တို့ကို အဆိပ်မိစေချင်တာလား ''

ရုပ်သေးရုပ်က စွပ်စွဲချက်တွေကို မတုံ့ပြန်ဘဲ အသံအနိမ့်အမြင့်မရှိတဲ့ တပြေးညီအသံနဲ့ စက်ရုပ်တရုပ်လို ပြန်ပြောလိုက်တယ်။  

" သင့်ကို နာမည်ပျက်စာရင်းသွင်းလိုက်ပြီ၊ သန့်ရှင်းရေးစတင်ပါ "

ရုပ်သေးရုပ်ဟာ မလှုပ်မရှား ရပ်နေတယ်။ သူတို့က ရုပ်သေးရုပ်ကို စိုက်ကြည့်နေတယ်။ ရုပ်သေးရုပ်က သိုးကို စိုက်ကြည့်နေတယ်။ အဲဒီအချိန်မှာ ရုပ်သေးရုပ်ရဲ့ မျက်လုံးတွေက အနီရောင်ပြောင်းသွားတယ်။ ပတ်ဝန်းကျင်ဟာ တိတ်ဆိတ်ငြိမ်သက်နေပါတယ်။ 

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးNơi câu chuyện tồn tại. Hãy khám phá bây giờ