1626 - 1630

136 9 0
                                    

Super God Gene (1626)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- -------
အခန်း (၁၆၂၆)
-------- --------- -------- ------- ------
ပြိုင်ပွဲကို ကြည့်နေတာချင်းတူပေမဲ့ မြင်ပုံချင်းကွဲကြပါတယ်။ သိုင်းပညာနိမ့်ကျသူတွေက ဘာမှမမြင်ကြပေမဲ့ သိုင်းပညာအဆင့်မြင့်သူတွေကတော့ အတော်များများမြင်ပါတယ်။

အထူးသဖြင့် အဆင့်မြင့်ထိပ်သီးတွေဟာ လမ်းခြောက်လမ်းကို သူတို့ကိုယ်တိုင်ရင်ဆိုင်ရရင် ဘယ်လိုဖြစ်မလဲလို့ တွေးမိတဲ့အခါ သူတို့ဟာ မျက်နှာပျက်သွားကြပါတယ်။ အဲဒီနောက် သူတို့ဟာ တွေးရင်းတွေးရင်း ထိတ်လန့်လာကြပါတယ်။ သူတို့မှာ လမ်းခြောက်လမ်းရဲ့ဓ ားချက်ကို ခုခံကာကွယ်ဖို့ ဘာနည်းလမ်းမှ မရှိကြပါဘူး။

အားလုံးဟာ ဟန်ဆန်းကို ဝိုင်းကြည့်နေကြတယ်။ ဟန်ဆန်းက ဒီအခြေအနေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲတွေးရင်း အားလုံးရဲ့မျက်လုံးတွေဟာ ဟန်ဆန်းဆီကို ရွှေ့ပြောင်းရောက်ရှိသွားပါတယ်။
-------- --------- -------- ------- -------
" ဒေါ်လာ အခြေအနေကောင်းတယ်ဆိုတာ သေချာလား "

တန်းဇန်လပ်က သူ့ဘေးမှာရပ်နေတဲ့ ကူချင်းချိန်ကို မေးလိုက်တယ်။ သူဟာ ဓားပညာမထူးချွန်ပေမဲ့ ဓ ားချက်ရဲ့ဖိအားကို ခံစားနိုင်ပါတယ်။ အဲဒါကြောင့် မေးခဲ့တာပါ။

" လမ်းခြောက်လမ်းက အရမ်းသန်မာတယ်၊ ဒါပေမဲ့ ဒီဓ ားချက်ကတော့ ဒေါ်လာကို မခြိမ်းခြောက်နိုင်ပါဘူး ''

ကူချင်းချိန်က ပြန်ဖြေခဲ့တယ်။

" ဘာလို့လဲ "

တန်းဇန်လပ်က ထပ်မေးခဲ့တယ်။ သူမေးနေတုန်းမှာပဲ
လမ်းခြောက်လမ်းရဲ့ဓ ားက ဟန်ဆန်းရဲ့မျက်နှာရှေ့ကို တိုက်ရိုက်ရောက်လာခဲ့တယ်။

ဟန်ဆန်းရဲ့ခန္ဓာကိုယ်ဟာ လင်းလက်တောက်ပသွားတယ်။ ပြီးနောက် လမ်းခြောက်လမ်းရဲ့ဓ ားကို လက်သည်းနဲ့ လှမ်းတောက်လိုက်တယ်။ အရှိန်နဲ့လာနေတဲ့ဓ ားဟာ နောက်ကို ပြန်ကန်ထွက်သွားပါတယ်။
-------- --------- -------- ------- -------
ကောင်းကင်ပြင်ပရဲတိုက်သခင်နဲ့ အခြားသူတွေဟာ အံ့ဩထိတ်လန့်သွားတယ်။ လမ်းခြောက်လမ်းရဲ့ဓ ားကို ဖိနှိပ်ဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာ သူတို့အသိဆုံးပါပဲ။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးNơi câu chuyện tồn tại. Hãy khám phá bây giờ