Super God Gene (1621)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- -------
အခန်း (၁၆၂၁)
-------- --------- -------- ------- ------
ထွတ်မြတ်သွေးရဲတိုက်က သားရဲအဖွဲ့မရောက်ခင် ညဧကရီဦးဆောင်တဲ့ အဖွဲ့တဖွဲ့ ရဲတိုက်ထဲကနေ ထွက်လာတယ်။ ဝိညာဉ်တွေနဲ့သားရဲတွေကြားမှာ ကြာပန်းဧကရီကို တွေ့မြင်လိုက်ရလို့ ဟန်ဆန်းဟာ ပျော်ရွှင်သွားပါတယ်။'' ကြာပန်းဧကရီက အရမ်းကံကောင်းတာပဲ၊ သူက နတ်သွေးနှောဝိညာဉ်ဖြစ်ပြီးတာနဲ့... သူ့အမေနဲ့ တွေ့ပြီး အတူနေခွင့်ရခဲ့တယ် ''
ဟန်ဆန်း တွေးမိခဲ့တယ်။
" ရှင်တို့က ကျမတို့ ညရဲတိုက်ကို ဘာဖြစ်လို့ ပြန်လာတာလဲ "
ညဧကရီက မျက်မှောင်ကြုတ်ပြီး နတ်မိစ္ဆာနဲ့တူတဲ့သားရဲကို မေးလိုက်တယ်။
" အရင်တခေါက်ကပဲ ကျနော်တို့လာရတဲ့ အကြောင်းရင်းကို ပြောပြီးပြီလေ၊ နတ်ဘုရားရဲ့အကြွင်းအကျန်နယ်မြေကိစ္စအတွက်ပဲပေါ့၊ ခင်ဗျား ကြိုက်ဈေးတောင်းလို့ ရပါတယ်၊ ကျနော်တို့ထွတ်မြတ်သွေးရဲတိုက်က ပေးဖို့ အသင့်ပါပဲ "
" ဝမ်းနည်းပါတယ်၊ ကျမ ရှင်တို့ကို စိတ်ပျက်အောင် လုပ်မိပြီ၊ ကျမမှာ ရှင်တို့ကို ကူညီဖို့ အရည်အချင်းမရှိပါဘူး ''
ညဧကရီက မျက်နှာသေနဲ့ ပြန်ပြောလိုက်တယ်။
" ဧကရီ... ကျေးဇူးပြု ပြီး ပြန်စဉ်းစားပေးပါအုံး၊ ကျနော်တို့ကို ကူညီရင် ခင်ဗျားတို့က ကျနော်တို့ရဲ့မိတ်ဆွေပဲ၊ အနာဂတ်မှာ ခင်ဗျားတို့ အခက်အခဲကြုံရတဲ့အခါ ကျနော်တို့ထွတ်မြတ်သွေးရဲတိုက် က ခင်ဗျားတို့ကို အစွမ်းကုန် ကူညီပေးပါ့မယ် "
နတ်မိစ္ဆာသားရဲက ပြောလိုက် တယ်။
" ကျမက ရှင်တို့ကို မကူညီဘူးဆိုရင်ကော ''
ညဧကရီက ပြန်ပြောလိုက်တယ်။ သူမဟာ စိတ်တိုနေပုံရတယ်။
" အဲဒီလိုဆိုရင်တော့ ခင်ဗျားတို့က ကိုယ့်ကိုယ်ကိုယ် ထွတ်မြတ်သွေးရဲတိုက်ရဲ့ရန်သူဖြစ်အောင်လုပ်တာပဲ၊ အဲဒါက ကောင်းတဲ့ရွေးချယ်မှုလို့ ကျနော်မထင်ဘူး "
KAMU SEDANG MEMBACA
နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီး
Pertualanganနတ်ဘုရားကမ္ဘာမိတ်ဆက် အချိန်ခရီးသွားခေတ်မှာ လူသားတွေဟာ တယ်လီပို့နည်းပညာကို တီတွင်နိုင်ခဲ့တယ်။ ဒါပေမဲ့ တယ်လီပို့နည်းပညာနဲ့ တကယ်တမ်း အချိန်ခရီးသွားခဲ့တဲ့အခါမှာတော့ လူသားတွေဟာ အနာဂတ်ကိုလဲ မရောက်ခဲ့သလို အတိတ်ကိုလဲ မရောက်ခဲ့ပါဘူး။ သူတို့ တကယ်ရောက်ခဲ့တာက အ...