1406 - 1410

221 22 0
                                    

Super God Gene (1406)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၄၀၆)
-------- --------- -------- ------- -------
လူသားပုံသဏ္ဌာန်သစ်ပင်ဟာ ဟီကျစ်ရဲ့မြေမှုန့်ပုံကို စုပ်ယူဖို့ အချိန်သိပ်မယူခဲ့ရဘူး။ အဲဒီနောက် သစ်ပင်ရဲ့အသ-က်အားဟာ ဟီကျစ်ရဲ့အသ-က်အားနဲ့ ဆင်တူလာခဲ့သလို သစ်ပင်ရဲ့မျက်နှာဟာလဲ ဟီကျစ်မျက်နှာနဲ့ တဖြည်းဖြည်းဆင်တူလာခဲ့ပါတယ်။

ဟန်ဆန်းဟာ အမြင်မှားသလားလို့ မျက်လုံးတွေကို ပွတ်ကြည့်လိုက်တယ်။ သူအမြင်မမှားပါဘူး။ သစ်ပင်ဟာ တဖြည်းဖြည်းကျုံ့သွားပြီး ဟီကျစ်နဲ့တပုံစံတည်းဖြစ်သွားတာကို မြင်လိုက်ရပါတယ်။

ဒါပေမဲ့ ကံကောင်းတာက သစ်ပင်ဟာ ေ-သသွားတဲ့ဟီကျစ်ရဲ့စိတ်ထားကိုတော့ ပုံတူမကူးခဲ့ပါဘူး။ လူသားသစ်ပင်ဟာ ဟီကျစ်နဲ့ အတိအကျတူတယ်။ အခု သစ်ပင်ဟာ ဟီကျစ်ရဲ့မြေမှုန့်ပုံနေရာမှာ မလှုပ်မယှက် ရပ်နေပါတယ်။

ဟန်ဆန်းက ခြေလှမ်းတလှမ်းနောက်ဆုတ်လိုက်တယ်။ သူဟာ လူသားသစ်ပင်ရဲ့ဒေါသကို မလိုအပ်ဘဲ သွားမဆွချင်ပါဘူး။ 

ဟန်ဆန်းဟာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်ပြီးတဲ့နောက် ပလာဇာက ရုပ်တုတွေဆီပြန်သွားဖို့ အချိန်တန်ပြီလို့ ဆုံးဖြတ်ခဲ့တယ်။ အခု သူ့ကို စောင့်ကြည့်နေတဲ့ ဝံပုလွေတွေလဲ ဥယျာဉ်ထဲမှာ မရှိတော့ပါဘူး။ 

ဝံပုလွေတွေမရှိရင် ဥယျာဉ်ထဲမှာလဲ ဆက်နေစရာအကြောင်းလဲ မရှိပါဘူး။ အခု သူဟာ သူ့အဖော်တွေနဲ့ပဲ အတူတူရှိသင့်ပါတယ်။  

ဒါပေမဲ့ ဟန်ဆန်းပြန်မလို့ လုပ်လိုက်တဲ့အချိန်မှာ မုန်လာဥတွေက အပင်တွေပေါ်က ခုန်ဆင်းပြီး ဟန်ဆန်းအနီးမှာ ရပ်နေပါတယ်။ ဥယျာဉ်တခုလုံးဟာ ဟန်ဆန်းကို ပြန်စေချင်တဲ့ပုံမပေါ်ဘူး။

ဒါပေမဲ့ ဟန်ဆန်းက ရှေ့ဆက်သွားဖို့ ဆုံးဖြတ်လိုက်ပြီး ဥယျာဉ်ကို အသံကျယ်ကျယ်နဲ့ အော်ပြောလိုက်တယ်။

" ကောင်းပြီ၊ မင်းတို့က ငါ့ကို  ဘယ်သွားစေချင်တာလဲ ''

ဟန်ဆန်းဟာ မူလရွေးချယ်ထားတဲ့လမ်းအတိုင်း ဆက်လျှောက်သွားခဲ့တယ်။ မုန်လာဥတွေနဲ့ အပင်တွေဟာ သူတို့ရပ်နေတဲ့နေရာမှာပဲ ဆက်ပြီး ရပ်ကျန်ရစ်ခဲ့ကြတယ်။ 

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးحيث تعيش القصص. اكتشف الآن