Super God Gene (1061)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၀၆၁)
-------- --------- -------- ------- --------
ဟန်ဆန်းဟာ ပိုးတောင်မာတွေရဲ့ ထူးဆန်းတဲ့ အပြုအမူကြောင့် အံ့အားသင့်သွားခဲ့တယ်။ သူက သူတို့ကို ငုံ့ကြည့်ပြီး မေးလိုက်တယ်။'' မင်းတို့ကောင်တွေ ငါပြောတာ ကြားလား ''
တုံ့ပြန်မှုမရှိခဲ့ပါဘူး။ ဟန်ဆန်းဟာ သူတို့အားလုံးကို စိတ်ရှုပ်ရှုပ်နဲ့ ဆက်ကြည့်နေခဲ့တယ်။ အဲ့ဒီအချိန်မှာ ပိုးကောင်တကောင်ဟာ ခုန်ထပြီး သူ့ရှေ့ကို ပျံလာတယ်။ ပြီးတော့ သူ့အနီးမှာ ပတ်ပျံရင်း စူးရှတဲ့ အသံတသံပေးကာ ရှေးဟောင်းမြို့ပျက်လို့ ထင်ရတဲ့ နေရာဆီ ပျံသန်းသွားပါတယ်။
ဟန်ဆန်းဟာ ဘာဆက်လုပ်ရမှန်းမသိဘဲ အဲ့ဒီနေရာမှာဏဲ ဆက်ရပ်နေခဲ့တယ်။ သိပ်မကြာခင်မှာ အဲ့ဒီပိုးတောင်မာလေးဟာ ပြန်ရောက်လာပြီး သူ့ကို ပတ်ကာ ပျံလိုက်ပြန်တယ်။ သူ့ပုံစံက သူ့နောက်ကို အမြန် လိုက်ခဲ့ဖို့ ပြောနေသလိုပဲ။
ဟန်ဆန်းက နှုတ်ခမ်းကို ကိုက်ကာ ပိုးတောင်မာလေးနောက်ကို လိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
သူ ဒီကို ရောက်ကတည်းက မြို့ပျက်လို့ ထင်ရတဲ့ နေရာကို စိတ်ဝင်စားမိတယ်။ အဲ့ဒီမှာ တခုခုကို ရှာတွေ့နိုင်မယ်လို့လဲ မျှော်လင့်မိတယ်။ ပိုးတောင်မာလေးတွေဟာ သူ့ကို ရန်ရှာချင်ရင် အခုလောက်ဆို သူ့ကို တိုက်ခိုက်နေမှာ သေချာပါတယ်။
သူတို့ရဲ့လက်ရှိအမူအရာအရ သူတို့ရဲ့သဘောထားဟာ ချက်ချင်း ပြောင်းသွားမဲ့ပုံ မပေါ်ပါဘူး။
ဟန်ဆန်းစတင်လမ်းလျှောက်ပြီးနောက် ကျန်တဲ့ပိုးတောင်မာလေးတွေဟာ သူ့နောက်ကနေ ခပ်သွက်သွက် လိုက်လာကြတယ်။ အဝေးကနေ လှမ်းကြည့်ရင် အစိမ်းရောင်ဒီရေလှိုင်းကြီးတွေ တလိပ်လိပ် တက်လာသလိုပဲ။
မကြာခင်မှာပဲ ဟန်ဆန်းဟာ မြို့လယ်ခေါင်လို့ ယူဆရတဲ့ နေရာကို ရောက်လာခဲ့တယ်။ ဘုရားကျောင်းလို့ ယူဆရတဲ့ အဆောက်အအုံတခုကလွဲလို့ အရာရာတိုင်းဟာ ပျက်စီးနေတယ်။ အဲ့ဒီဘုရားကျောင်းတခုပဲ မထိမခိုက် ကျန်ရစ်ခဲ့ပုံပေါ်တယ်။
YOU ARE READING
နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီး
Adventureနတ်ဘုရားကမ္ဘာမိတ်ဆက် အချိန်ခရီးသွားခေတ်မှာ လူသားတွေဟာ တယ်လီပို့နည်းပညာကို တီတွင်နိုင်ခဲ့တယ်။ ဒါပေမဲ့ တယ်လီပို့နည်းပညာနဲ့ တကယ်တမ်း အချိန်ခရီးသွားခဲ့တဲ့အခါမှာတော့ လူသားတွေဟာ အနာဂတ်ကိုလဲ မရောက်ခဲ့သလို အတိတ်ကိုလဲ မရောက်ခဲ့ပါဘူး။ သူတို့ တကယ်ရောက်ခဲ့တာက အ...