Super God Gene (1231)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၂၃၁)
-------- --------- -------- ------- -------
ဒီအကြောင်းအရာကို အားလုံးပြောဆိုခဲ့ကြပေမဲ့ ဆွေးနွေးမှုတွေကနေ ရလဒ်တွေထွက်မလာခဲ့ပါဘူး။စိန့်ဖန်းရဲတိုက်ကို မိုးကြိုးငရဲရဲတိုက်ကို သွားတိုက်သလို တိုက်လို့မရနိုင်ဘူး။ သွားတိုက်မယ်ဆိုရင် မတူကွဲပြားတဲ့ပုံစံနဲ့ တိုက်ရပါမယ်။ စိန့်ဖန်းရဲတိုက်ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံက လျှို့ဝှက်ဆန်းကြယ်ပြီး ရဲတိုက်ကိုလဲ ကျုံးတခုက ဝန်းရံထားပါတယ်။ အဲဒါကြောင့် ညဝတ်ရုံနဲ့လဲ ဝင်ရောက်ဖို့ ခက်နေပါတယ်။ နောက်ပြီး ဝိညာဉ်ခန်းမရဲ့ တည်နေရာကို မသိတာကလဲ အခက်တခုဖြစ်နေပါတယ်။
မိုးကြိုးငရဲဧကရာဇ်နဲ့ တိုက်ခိုက်ပြီးနောက် ဟန်ဆန်းဟာ ဧကရာဇ်တယောက်ရဲ့အားသာချက်ကို သတိပြုမိခဲ့ပါတယ်။ အဲဒါကတော့ သူဟာ သူကိုယ်သူ အလျင်အမြန် သတ်ဖြတ်နိုင်ပြီး ထိတ်လန့်စရာကောင်းတဲ့ အမြန်နှုန်းနဲ့ အလျင်အမြန် ပြန်လည်မွေးဖွားနိုင်ပါတယ်။ အဲဒါက ဧကရာဇ်ရဲတိုက်ကို အလွယ်တကူ သိမ်းပိုက်လို့မရနိုင်တဲ့ အကြောင်းရင်းတွေထဲက တခုလဲ ဖြစ်နေပါတယ်။
သူတို့ဆွေးနွေးနေတုန်း သူတို့စကားဝိုင်းကို ရုတ်တရက်ပေါ်လာတဲ့ပေါက်ကွဲသံက ဝင်ရောက်နှောင့်ယှက်သွားခဲ့တယ်။ ပေါက်ကွဲသံဟာ အင်မတန် ကျယ်တယ်။ ရဲတိုက်တတိုက်လုံးကိုတောင် တုန်ခါစေခဲ့တယ်။ မြေပြင်မှာ ဖုန်တထောင်းထောင်းထသွားခဲ့တယ်။ ဟန်ဆန်းဟာ မျက်နှာပျက်သွားပြီး အသံလာရာဘက်ကို သူ့အဖော်တွေနဲ့အတူ အလျင်အမြန် ပြေးသွားခဲ့ပါတယ်။
ဟန်ဆန်းဟာ ဥယျာဉ်ထဲကို ရောက်သွားတယ်။ တိတိကျကျပြောရရင် ရေတွေ အရှိန်ပြင်းပြင်း ပန်းထွက်နေတဲ့ ရေတွင်းတတွင်းရှေ့ကို ရောက်သွားပါတယ်။ အခု ဥယျာဉ်ထဲမှာ ရေကြီးနေပါတယ်။ ရေအနက်က တပေလောက်ရှိပါတယ်။
ပေ့အာက ရေတွင်းအနီးမှာ ရှိနေပြီး နှင်းဘောလုံးလေးကတော့ သူမနောက်မှာ တုန်တုန်ယင်ယင်နဲ့ ရပ်နေပါတယ်။'' မင်း အဆင်ပြေလား ''
ဟန်ဆန်းက ပေ့အာကို မေးလိုက်တယ်။
BẠN ĐANG ĐỌC
နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီး
Phiêu lưuနတ်ဘုရားကမ္ဘာမိတ်ဆက် အချိန်ခရီးသွားခေတ်မှာ လူသားတွေဟာ တယ်လီပို့နည်းပညာကို တီတွင်နိုင်ခဲ့တယ်။ ဒါပေမဲ့ တယ်လီပို့နည်းပညာနဲ့ တကယ်တမ်း အချိန်ခရီးသွားခဲ့တဲ့အခါမှာတော့ လူသားတွေဟာ အနာဂတ်ကိုလဲ မရောက်ခဲ့သလို အတိတ်ကိုလဲ မရောက်ခဲ့ပါဘူး။ သူတို့ တကယ်ရောက်ခဲ့တာက အ...