Walking On The Clouds

12K 255 13
                                    

Unicode

တိမ်တွေသာတဲ့ အရပ်မှာပေါ့

မျှော်လင့်ခြင်းတိမ်တိုက်လေးဟာ ကျွန်တော့်မြို့ပေါ်ဖြစ်တည်လာတယ်။ တဖြူးဖြူးတိုက်ခတ်နေတဲ့ မုတ်သုံလေကြား ဆံသားညိုတွေဟာ ဝဲလွင့်လို့ လေဖိအားဟာ ကျွန်တော့်က်််ိုယ်ကို
အရှေ့ရပ်ဆီ အားချင်းတွန်းပို့​နေတယ်။
လျှောက်တယ် ရှေ့ကိုဆက်လျှောက်တယ် ။
ထီးကလေးနဲ့လူကိုတွေ့တယ်။ ထီးပြာကလေးက်ိုမြဲမြဲမြံအောင် ကိုင်ထားတဲ့လူဆီက ကြင်နာသယောင် အရိပ်လေးကို လှစ်ခနဲမြင်လိုက်မိတယ်။
ဒါပေါ့ ထီးဆိုတာ ကြင်နာခြင်းရဲ့ပြယုဒ်ပဲဟာ။

သို့ပေမဲ့ ထီးပြာလေးနဲ့လူဆီလှမ်းနေတဲ့ခြေလှမ်းတွေက ဘယ်အချိန်ရောက်မလဲ မသိ။

ခြေဖဝါးအောက်က တိမ်တိုက်လေးတွေကဘယ်အချိန်ပြိုလဲမလဲ မသိ။

လှမ်းနေတဲ့သူဆီမရောက်မီ ထီးပြာလေးနဲ့လူရဲ့တိမ်တိုက်လေးဟာ ဘယ်က်ိုလွင့်ပါသွားမလဲ သူမသိ။
.
.
.

သို့ / ချစ်သော ထီးပြာလေးရဲ့ပိုင်ရှင်

ကျွန်တော် ဂျီဂျီ့နောက်ကိုလိုက်ရတဲ့ ခံစားချက်ဟာ တိမ်တွေပေါ်လမ်းလျှောက်နေရတာနဲ့ဆင်တူပါတယ်။ ပေါ့ပါးစွာပဲ ရင်မှာတသိမ့်သိမ့် ခုန်နေပေမဲ့ ဘယ်အချိန်တိမ်တိုက်ကလေး ပြိုကျမလဲမသိနိုင်ဘူး။

ဂျီဂျီရေ... တိမ်တိုက်ကလေးဟာပြိုကျတတ်တယ်။ ပြိုကျသွားတဲ့တိမ်တိုက်ကလေးမှာ ကျွန်တော်ပါသွားခဲ့ရင် ဂျီဂျီ ဖမ်းဆုပ်ပေးထားနိုင်မလားလေ။

TBC..............

A/N- ကိုကိုး ရဲ့ ခရမ်းလုံးလေးတွေအတွက် ဒါဟာ စာမြည်းပေါ့နော်။ title က ပြောရရင်
*တိမ်တွေပေါ်မှာလမ်းလျှောက်နေတယ်*
တစ်နည်းအားဖြင့် ဦးတည်ချက်မရှ်ိတဲ့ခရီးနဲ့ လိုက်ရခက်တဲ့Crush ကိုရည်ညွှန်းပါတယ်။ ဒီတစ်ခေါက်ဇာတ်လမ်းကတော့ နော်ဝေ ပြည်နယ် မှာအခြေတည်ရေးမဲ့ Age gapလေးပါ။ နော်ဝေ ပြည်နယ်လို့ပြောလိုက်တာနဲ့ အားလုံးကြည့်ဖူးကြမဲ့Frozen movie ကိုပြေးမြင်ကြမယ်ထင်ပါတယ်။ Disney ကထုတ်တဲ့ ဇာတ်ကားတွေထဲမှာ ကိုးရဲ့ Fav ပါပဲ။ နော်ဝေတောင်တန်းတွေက ကမ္ဘာပျက်သွားရင်တောင် တည်မြဲနေဦးမယ် လို့လဲ အဆိုရှိပါသေးတယ်။

Walking On The CloudsWhere stories live. Discover now