part-12

426 34 1
                                    

Unicode☁

ဂျီလီယမ်ရဲ့ နောက်ဖေးခြံဝန်းထဲက ဖရုံခင်းလေးဟာ ရက်သတ္တပတ်တွေကျော်လွန်ပြီး တစ်လဆိုသည့်အချိန်တစ်ခု ကြာပြီးအခါ အစွမ်းကုန်စိမ်းစိုကာ အရွက်တွေဖြာဝေနေပြီ။ အနွယ်စိမ်းတွေဆိုရင် နီးရာစင်က်ိုင်းအပေါ် တွယ်ကပ်လို့ စင်ပေါ်တက်ရန်ကြံရွယ်နေပြီဖြစ်သည်။ မိုးဦးရာသီကို မျှော်နေတဲ့ မိုးရာသီပျော်အစိမ်းရောင်လေးတွေအတွက် သည်အချိန် လေထုထဲမှာ မိုးနံ့သင်းသင်းလေး ကိန်းအောင်းချေပြီ။ မနက်ခင်းလေးမှာ တိုက်ခတ်သွားတဲ့ လေပြည်ကြောင့် သပ်သပ်ရပ်ရပ်ဖြီးသင်ထားတဲ့ ရိုစေးရဲ့ ဆံပင်လေးတွေဟာ ဆံမျှင်တွေထွေးလို့ ပွယောင်းကုန်၏။

ကိုင်းအနက်မျက်မှန်ဝိုင်းလေးကိုအမြဲတစေတပ်ဆင်တတ်တဲ့ နုသစ်တဲ့မျက်နှာလေးနှင့်ကောင်လေးက အစိမ်းဖျော့ရောင် Hoodie လေးကြောင့် မျက်နှာလေးက ခါတိုင်းထက်နုဖတ်နေသယောင်။ ဒူးအတိပန့်အဖြူက ခြေတံရှည်တွေအပေါ်မှာရှိနေပြီး ခြေညှပ်ဖိနပ်ကနေ မြင်ရတဲ့ ခြေသည်းကြည်ကြည်လေးတွေနဲ့ ခြေချောင်းရှည်လေးတွေဟာ ဖွေးကြည်နေ၏။ ခေါင်းအစခြေအဆုံး ရိုစေးလေးဟာ ကြည့်မကောင်းသည့်နေရာမရှိ​ပေ။ တိတိပပပြောရရင် ရိုစေးသည် မိန်းမဆန်တဲ့အလှလည်းမဟုတ်သလို ယောင်္ကျားရင့်မာတစ်ယောက်ကဲ့သို့လည်းမဟုတ်ဘဲ ထိုကြားထဲမှ သိမ်မွေ့ပြီးချောမောသည့် အလှတရားတစ်ခုသာဖြစ်ချေသည်။

အရွယ်နဲ့မလိုက်တဲ့ ဦးနှောက်အကြီးကြီးတစ်ခုရှိသလို ရင့်ကျက်မှုနှင့်ပြည့်စုံသည့် ရိုစေးဟာ ချစ်တဲ့လူတွေအပေါ်မှာတော့ ဆိုးနွဲ့ချင်သည့် အနိုင်ယူချင်သည့် ဗီဇကလေးရှ်ိသည်။ ထိုချစ်တဲ့လူတွေထဲမှာလည်း နှလုံးသားလေးဖျားအောင် ပြုစားသွားတဲ့ဘေးအိမ်က ဒေါက်တာဂျီလီယမ်ဟာ ထိပ်ဆုံးဖြစ်သည်။

' ရိုစေးကလေ... ဂျီဂျီ့အပေါ်မှာ
ဆိုးနွဲ့အုံးမှာ၊ အနိုင်ယူအုံးမှာ၊ အလိုက်သ်ိပြီးချွဲပစ်အုံးမှာ နောက်ပြီး..... ယူနီဗာ့စ်လောက်ကြီး အများကြီး အများကြီး ချစ်ပေးချင်သေးတာ...'

မာမားဆီမှ အမွေရထားတဲ့ ထူပြည့်သည့် နှာခမ်းဖူးဖူးလေးဟာ ရိုစေးမျက်နှာမှာ အလှဆုံးအစိတ်အပိုင်းဖြစ်သည်။ ​သုန်ရီမှိုင်းတဲ့လေပြည်ဟာ ထပ်၍တစ်ချီ ကျီစယ်တဲ့အခါ နှာခမ်းထောင့်စွန်းလေးနှစ်ဖက်သည် မိုးနံ့နှင့်အပြိုင် ကော့တက်သွား၏။

Walking On The CloudsWhere stories live. Discover now