part-13

574 41 4
                                    

Unicode☁

အပြင်မှာ မိုးဖွားလေးတွေကျနေ၏။ ဘွားဘွားအိမ်မှာလည်း ရိုစေးရဲ့အခန်းရှိပြီးသားမို့ မမနဲ့ဆိုင်ကပြန်လာပြီးသည့်အခါ ချမ်းစိမ့်စိမ့်မို့ အဝတ်အစားလဲပြီးအခန်းအောင်းကာ ရိုစေး အနားယူနေဖြစ်သည်။ ပိတ်ထားတဲ့ပြတင်းပေါက်မှန်နားကပ်ထိုင်ရင်း တံစက်မြိတ်ကနေ တစ်ပေါက်ပေါက်စီးလာတဲ့ မိုးပေါက်ကလေးတွေဆီမှ တဖြောက်ဖြောက်မြည်သံကို နားစွင့်ရင်း အကြောင်းပြချက်မဲ့ငေးမိတော့ ရင်ထဲ...
တအုံ့နွေးနွေးခံစားချက်လေးရ၏။ အပူခံဗူးထဲထည့်ထားသည့် သံပရာနံ့သင်းတဲ့ကွေကာကို နှာခမ်းကပ်ရင်း တတိတိသောက်မိတော့ မဆီမဆိုင်ပင် အလွမ်းဓာတ်ကလေးကိန်းအောင်းချင်သည်။

"ပြန်မချစ်သေးဘူးဆိုရင်တောင် ဂျီဂျီ ငါ့က်ိုစိတ်တော့မဆိုးဘူးမို့လား"

" ဟူး... လူကြီးတွေများ ငယ်ငယ်ချောချောကောင်လေးကကိုယ့်ကိုလာပြီးချစ်တယ်ပြောရင် ပြန်ချစ်ရတဲ့ယဉ်ကျေးမှုကိုမသိဘူးလားမသ်ိ။ အသည်းကိုး မာတယ်... "

နေပါစေအုံး။ နောင်ကျ ချာတိတ်လေးကို ကိုယ်ချစ်ပါတယ် ဆိုတဲ့စကားကြားရမှ တွေ့တဲ့နေရာမှာတင်......

*ဆွဲမွပစ်အုံးမယ်။

အဟုတ်ပြောတာ တကယ်၊ အတည်။

အပြင်သွားပုံရတဲ့ လူကြီးတွေကြောင့် အခုသည်အိမ်မှာ မမနဲ့ ရိုစေးနဲ့ နှစ်ယောက်တည်း။ မမကလည်း ဆိုင်ကပြန်လာပြီးကတည်းက သူ့အခန်းထဲမှာသူ အနားယူနေပြီဖြစ်ကာ ရိုစေးနှင့်ထပ်တူ။

ရိုစေးချစ်တဲ့လူဟာ ယောင်္ကျားရင့်မာ ဆိုတာကို သိသွားတဲ့အခိုက် အံ့သြတကြီးပုံပေါက်သွားပေမဲ့
ထိုအကြောင်းအရာဟာ ရိုစေးရဲ့ sexual ကိုရှုံ့ချပြီးလက်မခံနိုင်တာမျိုးမဟုတ်ဘဲ မမနဲ့ အစ်မဂျန်နီက မထင်မှတ်ထားဟန် အံ့သြသွားကြသည်သာ။

မမနဲ့ အစ်မဂျန်နီ တို့နှစ်ယောက်သား ယင်ကောင်ဝင်ဥမတက် ပါးစပ်ကြီးဟသွားတုန်းက... ရိုစေးမှာတော့ ​သြော် တစ်မျိုးလုံးမှာ ငါတစ်ယောက်တည်းချော်တော့ငေါ့ပြီး မျိုးတူချင်း နှစ်သက်မြတ်နိုးမိလို့ ငါ့အစ်မတွေကအံ့သြကုန်ကြတယ်ပေါ့။ နောက်ဆက်တွဲအတွေးတွေမတွေးမိခင်....

Walking On The CloudsWhere stories live. Discover now