part-19

310 31 2
                                    

Unicode☁

‌နေ့လည်စာစားပြီးနှောင်းပိုင်း နေ့ခင်းပိုင်း တစ်ဖြတ်ရောက်တဲ့အခါ ဆရာဝန်တစ်သိုက်ဟာအလုပ်ပြန်များရပြန်သည်။ volunteer လူငယ်တွေကလည်း ဝိုင်းကူစရာရှိတာ ဝိုင်းကူရသေးတာမို့ ရိုစေးလည်း ဒေါက်တာ့နားကိုမကပ်အားတော့ပေ။ ဂျီလီယမ်သည် ရွာထဲကလူနာတွေကြည့်နေရင်းကနေ သနာပြုဆရာမလေး
မရိုစီဘေးတွင်ဝိုင်းကူနေသည့် ရိုစေးကိုတစ်ချက်တစ်ချက်တော့ လှမ်းကြည့်နေတတ်ပါသည်။

လုပ်ရင်းကိုင်ရင်း ပြောရင်း‌ဆိုရင်းနှင့်ပဲ ဘာလိုလိုနဲ့ ညနေခင်းဆည်းဆာရောင်ခြည်ကို ခံစားလာရပြီ။ မိုးနံ့ကင်းတဲ့ကောင်းကင်မှာ လိမ္မော်ရင့်ရောင်နှင့် ပန်းခရမ်းရောင်လေးသည် ခပ်ဖျော့ဖျော့လေးသန်းနေချေသည်။ အိပ်တန်းတတ်ရန် အသိုက်ဆီအမှီပျံသန်းနေသည်ကြသည့် ငှက်အုပ်လေးတွေလည်း တိမ်လွှာမျှင်တွေကြားမှာ တွေ့နေရပြီ။

ရေချိုးပြီးအဝတ်လဲပြီးဟန်ရှိသည့် ဂျီလီယမ်က တစ်ယောက်သောကောင်လေး ကြိုက်တတ်သည့်အစိမ်းရောင်ကို ဝတ်ဆင်ထားသည်။ အစိမ်းဖျော့ရောင် ချည်သားဘောင်းဘီ၊ V shape ပုံစံလည်ပင်းပေါက်ပါသည့် ဆင်စွယ်ရောင်အင်္ကျီလက်ရှည်ကိုမှ အပေါ်က မထူမပါးဝတ်စကုပ်အစိမ်းဖျော့လေးကို ဒေါက်တာလူချောက ထပ်၍ဝတ်ထားသေးသည်။ ကမ်းခြေ‌နှင့်နီးသည်မို့ ‌ရွာက ညဘက်ဆို အအေးဓာတ်ကဲနေတတ်သည်။ ထို့ကြောင့် ညဘက်ဆိုလျှင် နွေးနွေးထွေးထွေး ဝတ်ဆင်ထားမှသာတော်ကာကျသည်။

ဂျီလီယမ်ရဲ့ လှိုင်းတွန့်သဏ္ဍာန်ဆံပင်ကောက်တွေသည် ဖီးသင်ထားခြင်းမရှိသည်ကြောင့် အနည်းငယ်ကလေး ပွယောင်းယောင်းဖြစ်နေပေမယ့် ဒေါက်တာနှင့်တော့ ကြည့်ကောင်းနေဆဲပဲဖြစ်သည်။ ရှည်လျားတဲ့အရပ်ကြောင့် ပေါ့ပေါ့ပါးပါးအဝတ်အစားဝတ်ထားရင်တောင် ဆွဲဆောင်မှုကလျော့ကျမသွားပေ။

ညလေပြည်က ခပ်ဖြေးဖြေးလေး ညှင်းနေသည်။
ရိုစေးက ဝတ်ထားသည့် အပေါ်ထပ်ကို လက်ဖျားတွေဆီ ထပ်မံဆွဲချလိုက်သည်။ သူကအအေးဓာတ်မခံနိုင်သူမို့ ပို၍ဂရုစိုက်ရ၏။ မဟုတ်ရင် ဖျားလွယ်၊ အအေးမိလွယ်သည့်အတွက် နေမကောင်းဒဏ်ကိုခံနေရပေဦးမည်။ နက်ပြာရောင်ကောင်းကင်မှာ ကြယ်လေးတွေသည် ဝန်ကြီးချုပ်ကတော်ရဲ့ လည်ပင်းက ဘယက်လေးကဲ့သို့ တလက်လက်တောက်လျက်ရှိသည်။

Walking On The CloudsWhere stories live. Discover now