Unicode☁
" ဟေ့ ဒေါက်တာ "
" လူကြီးကိုလေ ရိုစေး"
" ဒေါက်တာကလည်း... ရိုသေသမှုနဲ့..ခေါ်တာပါဗျ..၊ စိတ်ဆိုးတယ်ဆိုရင်လည်း ပြန်လာရင်မုန့်ဝယ်ခဲ့မယ်နော် ဟီးဟီး... ကျွန်တော့်အိမ်လေးကြည့်ပေးထားပါအုံး...ဒေါက်တာ၊ ဒါလဲ ရိုသေသမှုနဲ့ပြောတာပဲနော်"
မျက်မှန်ကို တစ်ချက်ပင့်ပြီး ရိုစေးက ခပ်မြူးမြူးလေးပြောတော့ ချစ်ရတဲ့ထင်းရှူးတုံးကြီးက မျက်မှောင်ကြုတ်သည်။ မှုန်ကုပ်ကုပ်ဖြစ်လာသည့် လူကြီးကို အသည်းယားနေရင်းကနေ လက်ကနာရီကိုငုံ့ကြည့်တော့ ၈နာရီငါးမိနစ်။ ဒီကနေစက်ဘီးစီးရမဲ့ အချိန်ကိုရေတွက်မိတော့ လူကကြိုမောလာသလို။
စကားသာလှမ်းပြောနေကြတာ ရိုစေးနဲ့ဂျီဂျီ.. နှစ်ယောက်သားကနီးနေတာမဟုတ်။ အနေအထားက မြင်သာအောင် ရိုစေးကထပ်ခိုးထပ်က ပြတင်းပေါက်ကနေခေါင်းပြူလျက်ဖြစ်နေပြီး ဂျီဂျီကတော့ ဘေးအိမ်က အပေါ်ထပ်ဝရန်တာတွင်ဖြစ်သည်။
" ဖျားထားတာမကြာသေးဘူးနော် ကောင်လေး၊ ကိုယ့်ကျန်းမာရေးကိုယ်ဂရုစိုက် "
ဂျီဂျီက ဒီလောက်ပဲ ပြောပြီး အိမ်ထဲပြန်ဝင်သွားသည်။ ရိုစေးမျက်နှာကတော့ ပျားရည်အိုင်ထဲပြုတ်ကျထားသလို မနက်ခင်းနဲ့အပြိုင်ချိုမြ
လို့နေ၏။ ဒီအမျိုးသားက စကားနည်းပေမဲ့ ရိုစေးကိုရည်ရွယ် ပြောလိုက်တဲ့စကားလုံးတိုင်းကလည်းဂရုစိုက်စေချင်သည့် စေတနာတွေ ပါသည်။ ဘဝင်ငြိမ်းချင်စဖွယ် အကြည်ဓာတ်လိုင်းက Hope Lightလမ်းသွယ်လေးထဲက ကပ်ရပ် အိမ်နှစ်လုံးကြား ငြိတွယ်နေသည်။ရိုစေးသိသည်။ နှစ်တွေဘယ်လောက်ကြာကြာ သူမှသူပဲဆိုတာ။ တစ်ဖက်သက်မျှော်လင့်ပြီး ငြိတွယ်လာတဲ့နှစ်တင် နည်းရိုးလား...။ ရိုစေးအတွက်တော့ ဂျီလီယမ်ဆိုတဲ့ ထင်ရှူးတုံးကြီးကလွဲပြီး တစ်ခြားတစ်ယောက်ကိုချစ်ဖို့ဆိုတာ စိတ်ကူးလေးပင်မရှိသလို လုံးဝဥသုံမဖြစ်နိုင်ချေ။ အဲ့လူကြီးက အခုပြန်မချစ်သေးပေမဲ့လည်း ရိုစေးအတွက် မျှော်လင့်ချက်ဆုံးဆုံးမြှုပ်တာလည်း မဟုတ်သေးဘူးလေ။
YOU ARE READING
Walking On The Clouds
RandomThis story is base in Norway state and I give you healing vibes and pleasure.