part-6

618 52 8
                                    

Unicode☁

Recommended Song- Until I found You

-

တနင်္ဂနွေနေ့ရဲ့ သာယာတဲ့ မနက်ခင်းလေး
မှာ တိမ်ကင်းစင်လို့နေသည်။ စာဝါငှက်ကလေးတွေက သစ်ကိုင်းထက်မှာနားခိုနေပြီး ပန်းဆိုင်ရှေ့က ရိုးတံပျော့ရာသီပေါ်ပန်းကလေးတွေဟာလည်း လေယူရာယိမ်းနေလေသည်။

" ဘာသုံးဆောင်မလဲ ဧည့်သည်"

" Lattle တစ်ခွက်ပေးပါ"

အခု ရိုစေးရောက်နေသည့်နေရာက ဘုရားကျောင်းနားက ကော်ဖီဆိုင်တစ်ဆိုင်တွင်ဖြစ်သည်။ စားပွဲထိုးလေးကို သောက်စရာမှာလိုက်သည့်အခါ "ဟုတ်ကဲ့" ဟုဆိုကာ ထိုလူက ဆိုင်တစ်နေရာသို့ထွက်သွားတော့၏။ ကိုးနာရီတိတိမှာ တက်ရောက်ရမည့်ဘုရားကျောင်းမှာ သူအချိန်စောထွက်လာခဲ့သည့် မနက်ရှစ်နာရီစွန်းစအချိန်တွင် ဖွင့်ရန်အစီအစဉ်မရှိသေးပါ။ ရိုစေးလည်း စက်ဘီးအား ဆိုင်ဘေးကပ်ကာဒေါက်ထောက်ခဲ့ပြီး နီးနီးနားနားကော်ဖီဆိုင်တစ်ဆိုင်သို့သာ ဝင်လာခဲ့မိသည်။ မကြာမီမှာပင် မှာထားသည့်ကော်ဖီခွက်ကို စားပွဲထိုးကောင်လေးက လာချပေး၏။

Lattle coffeeကို တစိမ့်စိမ့်သောက်နေရင်း ရိုစေး လွယ်အိတ်ထဲမှ သူ့ဖုန်းကိုထုတ်လိုက်သည်။ ထင်တဲ့အတိုင်း သူမကိုင်ဖြစ်လိုက်သည့် contactမှတ်ထားတဲ့ အနီရောင်ဖုန်းကောတွေဟာ lock secreen မှာတန်းစီနေ၏။ contact ပိုင်ရှင်နှစ်ယောက်ကတခြားသူမဟုတ်၊ မာမားနှင့် အဲရုမီဖြစ်သည်။ မာမားက ရိုစေးစိတ်ရှုပ်မှာစိုးသည်ကြောင့်ထင်... တစ်ကြိမ်သာခေါ်ခဲ့ပေမဲ့ အလိုက်မသိတဲ့ အစ်မအဲရုမီကတော့ စက်လက်နှိပ်တဲ့အတိုင်း ဖုန်းအဝင်ကောတွေကို ရဲပလောင်းခတ်အောင်အထိ ခေါ်ထားခဲ့သည်။ ရိုစေးကို လူကြီးတွေက ခုထိကလေးလို့ သဘောထားနေတုန်းပဲလား...။ စိတ်ကိုဒုန်းဒုန်းချလိုက်ပြီး... မာမားထက်စာရင်လွတ်လွတ်လပ်လပ်ပို စကားပြောလို့ရမည့် အစ်မအဲရုမီထံ ဖုန်းပြန်ခေါ်လိုက်တဲ့အခါ..........

" စေးစေး... "

" ဗျား.."

" အေး မောင်လေး"

" ပြောဗျာ "

ပြောစရာစကားပျောက်သွားဟန် အစ်မကို ရိုစေးဘက်က စနောက်တဲ့အခါ.....

Walking On The CloudsWhere stories live. Discover now