part-11

447 38 0
                                    

Unicode☁

" အမကြီး ရိုစီရေ.."

" ဟဲ့ ဖြည်းဖြည်း၊ မှောက်ယက်လဲနေအုံးပါမယ်
အန်ဒရူးရယ် မကြီးမငယ်နဲ့ "

" မလဲပါဘူး မရိုစီရဲ့၊ အဲ့တာ အသာထား၊ သတင်းကောင်းပါတယ်ဗျ.. သတင်းကောင်း"

" ဘာသတင်းကောင်းတုန်း "

" ဟာ မသိသေးဘူးလား ခက်တယ်၊ အဲ့တာကြောင့် အပြေးလာပြောပေးတဲ့ ကျွန်တော့်ကိုကျေးဇူးတင်လိုက်"

ဂွက် !

နဖူးနဲ့လက်ဆစ်ဟာ ခပ်ကြမ်းကြမ်းအခေါက်ခံရတော့မှ စျေးကိုင်နေတဲ့ ဒေါက်တာအန်ဒရူးမျက်နှာက စပ်ဖြဲဖြဲ လုပ်နေရာမှရပ်သည်။
လုပ်ငန်းခွင်အရ ဆရာဝန်နဲ့ သူနာပြုဆိုပေမဲ့ အန်ဒရူးနဲ့ မရိုစီက တူဝရီးလိုခင်မင်တဲ့ဆက်ဆံရေးမို့ လက်ပါခြေပါကိစ္စကသူတို့ကြားအထွေအထူးကိစ္စတော့မဟုတ်ပါ။ သူတို့အနားမှ ​ဆေးဖိုင်တွေလာယူတဲ့ ဆရာဆမ်မြူရယ်ကပါထုတ်မပြောပေမဲ့ ' မင့်က အပျိုကြီးကိုစျေးသွားကိုင်တာကိုး နည်းနည်းတောင်နည်းသေးတယ်' ဆိုတဲ့အကြည့်နဲ့ကြည့်သွားသေး၏။ နာသွားတဲ့ နဖူးကို လက်နဲ့ပွတ်ရင်း ဟဲခနဲရယ်တော့ မရိုစီ၏ မကြည်ကြည့်တစ်ချက်ကလွင့်လာသည်။

ထိုအခါမှ...

" မရိုစီကလည်း စိတ်ချည်းပဲ... ပြောမှာပေါ့ဗျာ"

" အေး ပြောလို့"

" ဟိုခပ်ချောချောနဲ့ဘဲမရှိတဲ့ ဒေါက်တာ မခြူးလေ၊ သိတယ်မို့လား "

"ဒေါက်တာ ဆူး(Sue) မို့လား၊ ဒီဌာနကပဲဟာ ငါသိပါတယ်"

နှလုံးဌာနတွင် *ဆူး ဟူသည့်နာမည်တစ်လုံးဖြင့် ဒေါက်တာမလေးဟာ တစ်ယောက်တည်းရှိသည်။ ဒါကို ခင်မင်လို့ စရင်းနောက်ရင်းဖြင့် အဲ့သည်ဒေါက်တာမလေး၏ နာမည်ဟာ ဆူး ကနေ *ခြူး ဖြစ်သွားရသည်။ အငယ်တစ်ချို့ဆို ဒေါက်တာခြူးခြူး လို့ပင်ချစ်စနိုးဖြင့်ခေါ်တတ်ကြသေးသည်။

" ဒေါက်တာမခြူး က ဘာဖြစ်လို့"

" ဌာနတစ်ခုလုံးကိုမုန့်ကျွေးမို့တဲ့ "

" ဟယ်.. ဟုတ်မှလည်းလုပ်ပါ အန်ဒရူးရယ်၊ နင််ငါ့က်ိုဂျင်းလာကျွေးနေတာ မို့လား "

Walking On The CloudsWhere stories live. Discover now